
ဝင်းနီပူးဘယ်လောက်ကြိုက်လဲလို့ အိမ်မှာဘယ်နေရာကြည့်လိုက်ကြည့်လိုက် ဝင်းနီပူးချည်းဘဲ။ ဒါပေမဲ့ ဘေဘီပူး တော့မကြိုက်ဘူး။
ဝင်းနီပူးစတစ်ကာဆိုလဲဝယ်တာဘဲ ၊ ဝင်းနီပူးကွန်ပါဗူး ၊ ဓတ်ဗူး ၊ အရုပ် ၊ ဖိနပ် ၊ ခဲဖျက် ၊ လွယ်အိတ် ၊ မာဖလာ ၊ ဦးထုပ် ၊ ဘောပင် ၊ ယပ်တောင် ၊ အင်္ကျီ၊ စောင် ၊ ဖုန်းချိတ် ၊ သော့ချိတ် ၊ နာရီ ၊ ပိုက်ဆံအိတ် ရှိရှိသမျှအသုံးအဆောင်ကြိုက်တာတွေ့ ရင်ဝယ်ဘဲ။
အိမ်ကလဲမျက်ခုံးလှုပ်နေရတယ်။ ဒီလောက်ဝယ်တာရင်တထိတ်ထိတ်နဲ့ ပေါ့။ အရမ်းကြိုက်ရင်နှစ်ခုဝယ်ပစ်လိုက်တယ်။ တစ်ခုသုံးပြီးတစ်ခုကသိမ်းထားတယ်။
ကြွားတာမဟုတ်ဘူး ၊ အရမ်းကြိုက်တာပါ။ ဖြစ်နိုင်ရင်တစ်ကိုယ်လုံးကိုဝင်းနီပူးနဲ့ ခြုံထားလိုက်ချင်တယ်။
ဝင်းနီပူးဖုန်းဝယ်ဖို့ ကြိုးစားနေတယ်။
ဒီမှာကဝင်းနီပူး အင်္ကျီတွေ ဝယ်လို့ ရတယ်။ ဒစ်စနီး ကုမ္မဏီ က ထုတ်တာ။ ဈေးလဲသိပ်မကြီးပါဘူး။ တန်တာပေါ့ ၊ ကိုယ်ကြိုက်လို့ လားမသိဘူး ၊ အကုန်လုံးတန်နေတာဘဲ။
အဲဒါနှစ်တိုင်းဝယ်တယ်။ အဲဒါ ဒီနှစ် ဟိုတပတ်ကဝယ်မယ်ဆိုပြီး အင်္ကျီဆိုင်ကိုသွားတော့မရှိတော့ဘူး။ ကုမ္မဏီက သိမ်းသွားပြီတဲ့ ၊ စိတ်မကောင်းလိုက်တာ။ အိမ်ပြန်ရောက်တော့ပြောတယ်။ ဒါဆိုကိုယ့်မှာရှိတဲ့အင်္ကျီတွေလေလံတင်လို့ ရပြီလို့ ။ ဟဲဟဲ ၊ မတင်ပါဘူးနော် ၊ နောက်တာ။
နေမကောင်းဘူးဖြစ်နေပါတယ်။ ဒါကြောင့် post မတင်နိုင်ပါ။ အားလုံးဘဲစိတ်ပူကြလို့ ကျေးဇူးပါ။
5 comments:
I also like WINNIE POOH
လူတကိုယ်အကြိုက်တမျိုးပဲလေ...။
tom and jerry အင်္ကျီရယ် ဘောင်းဘီရယ် ဦးထုပ်ရယ်
ဖိနပ်ရယ်လိုချင်တယ် ဖြစ်နိုင်ရင် တစ်ကိုယ်လုံးကို
tom and jerry ကာတွန်းတွေနဲ့ ခြယ်ထားလိုက်ချင်တယ်
ဝင်းနီပူးလာလည်တာပါ။ အဟိ ဟိုမှာ ဆိုင်ဖွင့်ထားတာတွေ့တယ်လေ။ အဲ့ဒါအဲ့ဆိုင်က အကုန်လာဝယ်တာလေ ကိုမြစ်ကပြောတယ်။ ဝင်းနီးပူးမရောင်း ရလည်းစိတ်မပူဘူးတဲ့ မရောင်းရရင်အဲ့အရုပ်အကုန်လုံးကို ရမယ်ဆိုလို့ဆို ဒါကြောင့် မပူနဲ့အားပေးမယ် အကုန်ဝယ်ပစ်မယ် (အကြွေးနဲ့) ကမ္ဘာ့လဆန်းတရက်နေ့ ပြန်ဆပ်မယ်နော် အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး
မမရေ.. ညီမလေးလည်း ပူးလေးကို သိပ်သိပ်ကြိုက်.. :D
Post a Comment