Monday, April 27, 2009

လှပသောပန်း

လေဆိပ်မှာ ပန်းတွေခင်းကျင်းထားတာကိုရိုက်ထားတာ










花蓮 သို့ သွားလည်ခြင်း

ရထားပေါ်မှာ


太魯閣 (ချောက်ကမ်းပါး)





遠雄海洋公園 (ပန်းခြံထဲမှာ)



東華大學


ဘာရေးရမှန်းမသိဘူး။ စိတ်တွေလေလွင့်နေတယ်။
ပျော်စရာကောင်းတဲ့ဘဝကြီးကို ပိုင်ဆိုင်ချင်တယ်။
လောကကြီးက အခွင့်အရေးပေးရင်ပေါ့။
ပျော်စရာကောင်းတဲ့ဘဝဆိုတာ မိသားစု တူတူနေရတဲ့ဘဝကိုပါ။
အချိန်တွေက ၁ခါ၁လေ ဖြတ်သန်းရတာ မြန်သလို ၁ခါ၁လေကျတော့လဲ နှေးတယ်။

Saturday, April 18, 2009

About Winnie Pooh






Winnie the pooh, the lovable bear who's stuffed with fluff, is also called Pooh or Pooh Bear, but never, ever, just Winnie.
Pooh endlessly craves a snackerel of whatever little something is at hand (preferably honey) to soothe that insatiable "rumbly in his tumbly". But even honey isn't as important as his friends. Their happiness and feelings are Pooh's chief concern, and there is no better friend than the Pooh.

Friday, April 10, 2009

နေမကောင်းသောတစ်နေ့

ဆေးရုံမှာနေရတာပျင်းစရာကြီး
ဆေးစစ်စရာရှိတယ်ဆိုလို့ တာလာရတယ်။
အဆင်ပြေတာတခုက ကွန်ပျူတာသုံးလို့ ရတယ်။ နဲနဲဝေးတာတခုဘဲ။
ဒီနေ့ သွေးဖောက်ရတယ် ၊ ခါတိုင်း သွေးဖောက်ရင် သွေးကြောသေးပေမဲ့ တစ်ခေါက်တည်း ရအောင်ဖောက်ပေးတယ်။


ဒီနေ့ ကျတော့ ဘာလို့ မှန်းမသိပါဘူး ၊ ကသွေးကြောရှာမတွေ့ ဘူးထင်ပါ့ ၊ လက်ကိုတဗြန်းဗြန်းနဲ့ ရိုက် ၊ ရိုက်လဲသွေးကြောထွက်မလာဘူး။
အဲဒါနဲ့ လက်ကိုကွေးလိုက်ဆန့် လိုက်လုပ်နေတယ်။ သိပ်တော့မကြည့်ရဲဘူး ၊ ခိုးတော့ကြည့်တယ်။
ဆေးထိုးတံနဲ့ အပ်ထုတ်လိုက်တယ် ၊ ညာတံတောင်ဆစ်ရဲ့လက်မှာစမ်းလို့ ။ မထုတ်သေးဘူး ၊ ဘယ်ဘက်လက်ကိုထက်စမ်းတယ်။
ရှေ့ ကအတိုင်းဘဲ လက်ကိုလေ့ကျင့်ခန်းတွေလုပ် အကြောထပ်ရှာတယ်။ ရှာလို့ မတွေ့ ဘူးဆိုဘဲ ၊ ရှာတွေ့ မတွေ့ တော့မသိဘူး။
အပ်ကိုလက်ထဲစထဲ့လိုက်တယ် ၊ နဲနဲတော့နာနေပြီ။ သွေးကလဲမထွက်လာဘူး ၊ ဆရာမက အပ်ထဲ့ထားရင်း သွေးကြောကိုထပ်ရှာတယ်။ ရှာလို့ မတွေ့ ပါဘူး၊
အပ်ကိုပြန်ဆွဲထုတ်လိုက်တယ်။ ၂ဖက်လုံးရှာမတွေ့တာနဲ့ လက်ဖဝါးရဲ့ အပေါ်
အဲဒီနေရာက သွေးဖောက်ရင်ပိုနာလို့ လား ကြားဖူးတာတော့အဲဒီနေရာမဖောက်ရဘူးတဲ့။ ဒါပေမဲ့ သူကဖောက်မယ်ဆိုလဲပေးဖောက်ရမှာဘဲလေ။
အဲဒီနေရာကို ထပ်စမ်းတယ် ၊ ရိုက်ပြန်ရော။ ဒီတခါ သူကပြောတယ် "အပ်အသေးနဲ့ ဘဲလုပ်မယ် ၊ လုံးဝမနာစေရဘူး" တဲ့။ ယုံပါတယ်။
အပ်စထဲ့လိုက်တယ် ၊ အမယ် သွေးတွေကျလာတယ် ၊ အများကြီးတော့မဟုတ်ဘူး ၊ ဆေးထိုးအပ်အဝနားမှာတင် သွေးကုန်သွားတယ်။ မထွက်လာတော့ဘူး။ အဲဒါနဲ့ သွေးဖောက်တဲ့ဆရာမလဲ မတတ်နိုင်ဘဲ အပ်ကိုဆွဲထုတ်လိုက်ရတယ်။ ခဏနေတော့ နောက်ဆရာမ၁ယောက်ထပ်လာတယ် ၊ သူတို့ ကအံ့ဩနေတာ ၊ သွေးတိတ်ဆေးသောက်ထားလားတဲ့ ၊ ကိုယ်ကလဲမသောက်ဘူးပေါ့။
ဘယ်ဘက်လက်ကို ရိုက်ပြီးလာဖောက်တာ၊ သွေးကထပ်မထွက်ဘူးဗျာ။ အဲဒါနဲ့ ဆရာမက အထဲမှာထပ်ရှာတာ ၊ တွေးရင်ကြောက်ဖို့ ကောင်းတယ်။ အရမ်းနာလို့ ထအော်ပစ်ချင်တယ်။ အထဲမှာလှည့်နေတာ ကျဉ်ကြောသွားထိတယ်။ ကြက်သီးထစရာပါဘဲ။ နောက်တော့ ဘူးအပြည့် ထုတ်လို့ ရသွားတာပါဘဲ။

အဲ့ဒီသွေးထုတ်ရင်းနဲ့ ၉တန်းတုန်းကအကြောင်းသွားသတိရမိတယ်။ သွေးထုတ်တာနဲ့ ဆေးသွင်းတဲ့အကြောက တူတူပဲလားမသိပါဘူး။

ငယ်ငယ်က မာလကာသီးဆို အရမ်းကြိုက် ၊ မာလကာသီးစားပြီး ဗိုက်နာလို့ ။ နောက်တော့ အူအတက်ရောင်လို့ တဲ့။ operation လုပ်လိုက်ရတယ်။ ခွဲစိတ်ပြီးတော့ ဆေးတွေထပ်သွင်းရတယ် ၊ အဲ့ဒီမှာ ပြသာနာက လက်ရောင်လာတယ် ၊ ဆေးမဝင်တော့ဘူး။ အဲဒါဆရာမက အကြောထပ်ရှာပြီးပြောင်းသွင်းပြန်ရော၊ ရှာလို့ မရပြန်ဘူးဘဲ။ ခြေထောက်ထိတောင်ရှာမယ်ဆိုပြီး ဖြစ်သွားတယ်။ ၃ နာရီလောက် ရှာလိုက်ရတယ်။ နောက်တော့ရသွားတာပါဘဲ။
ခွဲစိတ်ဆရာဝန်ကြီးတွေက အရမ်းကျွမ်းကျင်တယ် ၊ ချက်ချင်းကိုရှာတွေ့ တာပဲ ၊ သူ့ ကျွမ်းကျင်ရာပါဘဲ။

Saturday, April 4, 2009

သံယောဇဉ်


၈တန်းတုန်းက သွားတက်ရတဲ့ကျူရှင်၁ခုမှာ အသားဖြူဖြူနဲ့ ပိန်ပိန်ကောင်မလေး၁ယောက် ၊
ကိုယ်ကလဲ စကားနဲ ၊ သူကလဲ စကားနဲ ၊ အကျင့်ကအဲဒီထဲက တူနေတာ။ မလှုပ်တလှုပ်နဲ့ ၊ ချစ်တော့ချစ်စရာလေး ၊ ဒါပေမဲ့ သူများတွေလို လွယ်လွယ်ကူကူ ခင်လိုက်တာမျိုးလဲမရှိ၊ သူကလဲအဲဒီတိုင်းဘဲထင်ပါ့။
ဒါပေမဲ့ သူမဟာ ကိုယ့်ဘဝမှာ အခင်မင် အရင်းနှီးဆုံး သူငယ်ချင်း၁ယောက် ဖြစ်ခဲ့တယ်။
နောက်တော့ကျူရှင်တက်ရင်းနဲ့ ခင်ခွင့်ရသွားတာပါဘဲ။
တက်တဲ့ကျောင်းကတူတူပဲ။ သူက ၅တန်းမှ ကျောင်းပြောင်းလာတာလေ ၊ ဒါတောင်ကျောင်းမှာမသိဘဲ။ ကိုယ်ကကျောင်းမှာ စတားမှ မဟုတ်ဘဲ :)
သူများတွေလို ဟိုဘက်ခန်း ဒီဘက်ခန်းလဲ သွားမှ မသွားတာ။ သူကလဲ ကိုယ့်ကိုမသိဘူးတဲ့ ၊ ဘာဆန်းလဲ ဒီလောက်စိတ်တူနေတာ။
တချိန် ကြိုက်တဲ့သူ တူတူဖြစ်မှာတောင် စိုးရိမ်ရတယ်။ ဒါပေမဲ့ ကိုယ်က သူ့ အတွက် စွန့် လွတ်ပေးမှာပါ ၊ သူ့ ကိုအဲလောက်ချစ်တာပါ။ သူများတွေလို သူငယ်ချင်းကြိုက်တဲ့သူကို လုယူတတ်တဲ့ အစားထဲမှာ မပါပါဘူး။
အဲဒီတုန်းက အဲလောက်မခင်သေးဘူး။ ၉တန်းကျတော့ ကျူရှင်မတူတော့ဘူး ၊ ၁၀တန်းလဲမတူပါဘူး။ မုန့် စားဆင်းချိန် ကျောင်းမှာတော့ အမြဲတွေ့ ဖြစ်နေတယ်။
၅တန်းကနေ ၁၀တန်းထိ တူတူပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ လဲအရမ်းခင်တာပါဘဲ။ သူငယ်ချင်းနဲတော့ ရှိတဲ့သူငယ်ချင်းဘဲ ခင်တာ မဆန်းပါဘူး။
ကိုယ့်အခန်းထဲက ဘယ်သူနဲ့ မှ သူငယ်ချင်းမလုပ်ဘူး။ ဘေးမှာထိုင်တဲ့ သူငယ်ချင်းနဲ့ဘဲပြီးတယ်။

အရင် ၅တန်း မှ ၇တန်းထိ အခန်းမပြောင်းဘဲတူတူတက်ရတဲ့ သူငယ်ချင်းနဲ့လဲ အရမ်းခင်ပါတယ်။
၈တန်း အခန်းခွဲသွားတော့ အဲဒီသူငယ်ချင်းနဲ့ ခုဏက ကျူရှင်မှာသိခဲ့တဲ့သူငယ်ချင်း အခန်းသွားတူပါတယ် ၊ သူတို့ သူငယ်ချင်းဖြစ်သွားပါတယ်။
ကျောင်းမှာနာမည်ကြီးတဲ့သူတော့သိပါတယ်။ ကိုယ်ကသိပ်တော်တဲ့ အခန်းမှာမဟုတ်ပါဘူး၊ ညံ့ပါတယ် ၊ C ခန်းမှာပါ။
ဒါပေမဲ့ ၈တန်းကျူရှင်မှာခင်လိုက်ရတဲ့ သူငယ်ချင်းကိုတော့ဘယ်သူငယ်ချင်းနဲ့ မှမတူပါဘူး။ သူ့ ကိုတော်တော်ခင်တာပါ။ ညီအစ်မလိုလို ၊ အချစ်တော်လိုလို ဘယ်လိုမှန်းတော့မပြောတတ်ဘူး။
သူ့ အတွက်ဘာဘဲလုပ်ပေးရ ကျေနပ်တယ်။ သူကလဲ အဲဒီတိုင်းဘဲ။ ခဏခဏ ငိုချင်တာလဲတူတယ်။ သူကပိန်တယ် ၊ ကိုယ်ကဝတယ်။ အဝတ်အစား အမြဲတူတူဝတ်တယ်။ ကိုယ့်မှာဘာရှိလဲ သူ့ မှာလဲရှိရမှ။ ၁၀တန်းပြီးတော်တော်ကြာမှ သူနဲ့ ကျူရှင်တူတူတက်ရင်း အရမ်းခင်သွားတာ။
တရုတ်ကျူရှင်တက်တော့ အဲဒီကအမကြီး၁ယောက်က နင်တို့ ကအမြွာလားတဲ့ ၊ ဟုတ်တယ်လို့ ။
ဟိုကလဲပြောတာကို ယုံတယ်။ အမှန်က တရုတ်နာမည်စာလုံးမှမတူတာကို။ သူများကိုလဲ ၂ယောက် အတည်ပေါက်နဲ့ နောက်သေး။
သူနဲ့ မရင်းနှီးခင်တုန်းက ရှေ့ မှာတခြားသူငယ်ချင်းနဲ့ ပတ်သက်ပြီး ပြသနာတွေ ရှိခဲ့ဘူးတယ်။ ဒါကိုသူလဲ သိတယ် ၊ သူလဲ နဲနဲမှ မကျေနပ်ဘူးတဲ့ ၊ ကိုယ်လဲမကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။
ခုထက်ထိ အဲဒီလူတွေနဲ့ လမ်းမှာတွေ့ ရင် သူကကိုယ့်ထက်ပိုနာပြတာ။ ၂ ယောက်တူတူနေမယ်လို့ ပြောခဲ့ပြီးမှ သူက မိဘစကားနားထောင်သွားပြီလေ။
ဒီတိုင်းဘဲ သူများကိုပေးလိုက်ရတော့မှာပေါ့လေ။ သူ့ မင်္ဂလာပွဲ ကိုတော့တက်ချင်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သွားဖြစ်မယ်မထင်ပါဘူး။ သွားရင်ကိုယ်ဘဲခံစားရမှာလေ။
သူကတော့ပျော်နေမှာပေါ့။ အရင်တုန်းက ၂ယောက်ထဲတူတူ လျှောက်သွားခဲ့ရတဲ့ ဘဝကိုပျော်တယ်။
အမှန်က သူ့ မင်္ဂလာပွဲမတိုင်ခင် အရင်တုန်းကလိုဘဲပျော်ချင်လို့ ပြန်ချင်တာပါ။ ဒါပေမဲ့ သူအားတော့မှာမဟုတ်ပါဘူး။
ခုဆို အသည်းတခြမ်းပဲ့သွားပါတယ်။ လွန်ခဲ့တဲ့ ၂လက သူကပြောတယ် ၊ သူ့ဆီပြန်လာပါတဲ့။ တူတူအလုပ်လုပ်ပြီးနေမယ်လို့ ပြောတယ်။ အခုတော့လဲ ဆောင်တော့မယ်တဲ့။
အခြေအနေတွေကပြောင်းလဲသွားပြီလေ။
အရင်တုန်းက သူ့အိမ်က သူ့ ကိုအိမ်ထောင်ချပေးမယ်လို့ ပြောရင် ကိုယ်ကအပြင်းအထန်ကန့် ကွက်တယ်။ အမေကပြောတယ် ၊ သူများကိတ်စ မကန့်ကွက်ရဘူးတဲ့။
အဲလိုပြောပြီးထဲက ၊ သူဒီ၁ခေါက်လာပြောတော့ အားပေးလိုက်တယ်။ ရင်ထဲမှာတော့မကောင်းပါဘူး ၊ သူ့ ကိုတော့စိတ်ချမ်းသာစေချင်ပါတယ်။
သူယူချင်တာကို ကိုယ့်ကြောင့်မယူဖြစ်တာတော့မကောင်းပါဘူးနော်။ သူကလူကြီးတော့နဲနဲဆန်တယ် ၊ အိမ်မှာအကြီးမို့ လားမသိ။
သူနဲ့ ကွဲကွာတာ ငါးနှစ်ရှိပြီ။ သူကနှစ်တိုင်းပြန်လာဖို့ ပြောတယ်။ ကိုယ်ကလဲမပြန်ဖြစ်တော့ သူစိတ်ကုန်သွားပြီထင်တယ်။ မိဘစကား နားထောင်သွားတာပေါ့။
ရင်ထဲမှာ သူနဲ့ ပတ်သက်ရင် အမြဲရှိနေပါတယ်။