Wednesday, July 29, 2009

ဒီဇိုင်းကျောင်း အတွေ့ အကြုံ


ဒီဇိုင်းသင်တန်းတက်ရမယ်ဆိုတုန်းကတော့ အရမ်းပျော်ခဲ့တယ်။ မနှစ်က ဇွန်လက စတက်ရတာ။ ၉လ သင်တန်း ၊ စင်ကာပူမှာပါ။ ၂၀၀၉ခုနှစ် မတ်လမှာပြီးရမှာဖြစ်ပါတယ်။ နဂိုသိပ်မကောင်းတဲ့ကျန်းမာရေးက ဒီဇိုင်းသင်တန်းနဲ့ တွေ့ လိုက်တော့ပိုဆိုးသွားပါတယ်။ မတ်လပြီးရမှာကို မပြီးဘဲ ခုဩဂုတ်လထဲမှာပြီးဖို့ ချိန်နေတာပါဘဲ။ ဒါပေမဲ့ ခုလတ်တလော ဖြစ်နေတာ ခေါင်းမူးခြင်းပါ။ ဆရာဝန် ၂ယောက်ပြထားတာ မထူးခြားလို့ အိမ်ပြန်ချင်နေပါပြီ။ ဒီတခါတော့ ပြန်လို့ မဖြစ်ဘူးဆိုတာ သိနေပါတယ်။ ဟို ၁ ခါ ကလဲ နေမကောင်းလို့ အိမ်ပြန်တာ။ ခုလဲပြန်မယ်ဆိုရင် ဘယ်လိုလုပ်ရပါ့မလဲ။ အမေ့ကိုလဲလွမ်းလိုက်တာ။ တွေးရင်ထိုင်ငိုတာဘဲ။ ပြန်လဲအမေနဲ့ က တူတူနေလို့ ရတာမဟုတ်။ ညည နေမကောင်းလို့ အိပ်မပျော်ဘူး။ ဆရာဝန်ပြောတာလဲ အားတက်စရာ။ ခေါင်းမူးတာ အမျိုးမျိုးဖြစ်နိုင်တဲ့အကြောင်းတို့ စုံနေတာပါဘဲ။ ခေါင်းမူးပျောက်အောင်တော့ဆေးမတိုက်ဘဲနဲ့ ။

ဒီဇိုင်းသင်တန်းတက်ရမယ်ဆိုတော့ အလုပ်လုပ်တုန်းကလိုဘဲလွယ်လွယ်ဘဲထင်တာပေါ့။ ဘယ်ဟုတ်မလဲ။ အလုပ်လုပ်ရတာထက်ခက်တယ်။ နောက်ပြီးယူထားမိတဲ့ မေဂျာက New မီဒီယာ Artတဲ့။ မှားပါတယ်။ အင်နီမေးရှင်း(animation) တွေကြီးဘဲ။ စိတ်အရမ်းလေသွားတယ်။ အဲဒီလိုင်းမကြိုက်ဘူး။ အဲဒီလိုင်းမှတက်မိတယ်။ ဘယ်သူမှမကယ်နိုင်ဖြစ်နေတယ်။ ငယ်ငယ်ထဲက သရီးဒိုင်မေးရှင်း ဆိုကြည့်လို့ မရဘူး။ ခေါင်းမူးလို့ ။ ခုအဲဒီပရောဂျက်ကိုလုပ်နေရတယ်။ ဒါကြောင့်ခေါင်းမူးတာဖြစ်မယ်။

အစကဒီသင်တန်းတက်ရမယ်ဆိုတော့ပျော်တာပေါ့။ နောက်စင်ကာပူရောက်တော့ ကျောင်းလာတက်တယ်။ ပြသာနာကစတယ်။ သူတို့ တွေဘာပြောမှန်း နားကိုမလည်ဘူး။ သရီးဒိုင်မေးရှင်းသင်တဲ့ဆရာဆို ခုထိသူပြောတဲ့စကားနားမလည်သေးပါဘူး။ အစကတော့ ဘာသာစကားနားမလည်ရင် နောက်တော့တဖြေးဖြေးရလာမှာဘဲလို့ ထင်ထားတာ။ မဟုတ်ပါဘူး။ နားမလည်တော့ ဒီကစင်ကာပူမတွေကို တရုတ်လိုရှင်းခိုင်းတယ်။ ကျောင်းတက်တိုင်း အမြဲဒီပြသာနာရှိတယ်။ ကျောင်းကသေးပါတယ်။ လူ၈ယောက်ကျော်ရင်လက်မခံတော့ဘူး။ ဒါပေမဲ့ အမြဲလူမပြည့်ပါဘူး။ ပြီးတော့ ကိုယ်တက်တဲ့ဘာသာရပ်ကို တက်တဲ့လူနဲတယ်။ သူတို့ ကလဲအခေါက်တိုင်းတော့မရှင်းပြပါဘူး။ ကိုယ့်မှာဒီလိုဘဲ ဆရာဘာပြောလဲဆိုတာမှန်းဆနေရတာဘဲ။ မသိရင်ထပ်သွားမေးပေါ့။ အဲဒါမှမသိရင် သူတို့ ကိုရှင်းခိုင်းရပါတယ်။ ဒါပေမဲ့ တူးဒီသင်ပေးတဲ့ဆရာမ(သူလဲစင်ကာပူ)က တရုတ်လို ပြောပြပါတယ်။ ကျန်တာကတော့ အားလုံး စင်ကာပူ ဆရာတွေ။ တရုတ်လိုမပြောပါတဲ့။ မပြောနဲ့ ဆိုလဲမပြောနဲ့ ပေါ့။

ကျောင်းမှာဟိုရက်က သရီးဒီသွားတက်ရင်းနဲ့ နောက်တသုတ်က ကောင်လေး၁ယောက်က မြန်မာကပါ။ သူနဲ့ စကားတွေပြောဖြစ်တယ်။ ဒီကျောင်းမကောင်းဘူးနော်ဆိုတော့ ကျောင်းအားလုံးဒီလိုပါဘဲတဲ့။ မကောင်းလို့ တကယ်မကောင်းဘူးပြောတာ ၊ သူကဘာတွေကြိုက်နေလဲမသိ။နောက်ထပ် အမြင့်(advanced) တက်အုန်းမတဲ့။ ဒီကျောင်းမကောင်းတာတော့တကယ်။ ကိုယ်တစ်ယောက်ထဲပြောတာမဟုတ်။ ဒီစင်ကာပူကဘဲ ကျောင်းတက်ရင်းတဝက် ၊ စာသင်တာမကောင်းလို့ တဲ့ ကျောင်းထွက်သွားတာဘဲ။ ကိုယ့်ရှေ့ မှာ၂ယောက်။ ဒီစင်ကာပူကဆိုတော့ ဆရာမလဲဘာမှမတတ်နိုင်။ ကိုယ်တို့ လို နိုင်ငံတကာ ကျောင်းသားဘဲ နိုင်စရာရှိတယ်မဟုတ်လား။ သူတို့ ကျတော့ သင်တန်းကျေးပြီးပြတ်အောင်မပေးလဲ မတတ်နိုင်ဘူးလေ။ ဒီမှာကတော့ အကုန်ယူထားပြီးမဟုတ်လား။

အဓိကပြောချင်တာကတော့ ကျန်းမာရေးမကောင်းရင် ကျောင်းကိုဘယ်လောက်လာတက်ချင်ချင် လာမတက်ပါနဲ့ လို့ ။

တကယ်လို့ ကျန်းမာရေးကောင်းသူများဒီဇိုင်းကျောင်းတက်ချင်ရင်ပြောပါလေ။ ဒီမှာ ပါနော်။ ဟဲဟဲ။