Tuesday, February 17, 2009

ရေခဲတုံး

အေးစက်စက် အပြုအမူနဲ့
လူတကာကို ဆွဲဆောင်တတ်သူ
တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာနဲ့
အနိုင်ပိုင်းမဖြတ်ပါနဲ့ သူ
ခင်သလို မခင်သလို လုဎ်ပြီး
ငါ့ဘဝထဲကို
အတင်းမဝင်ရောက်လာပါနဲ့

honey pot ( ပျားရည်အိုး )

Saturday, February 14, 2009

အတွေးခက်ခက်

စကားသံကို ကြားရတာ
လေပြည်အေး တိုက်ခတ်နေသလိုပါ
မျက်နှာကို မြင်တွေ.ရတော့
နှလုံးသားထဲ စိမ့်ဝင်လျက်ပါ
အပြုအမူတွေဟာ
ကမ္ဘာကြီးကို
ဇောက်ထိုးဖြစ်စေခဲ့တာ
နောက်ဆုံးတော့လဲ
ဒါဟာ........
လူသား ၁ယောက်ပါဘဲလား။

honey pot ( ပျားရည်အိုး )

Friday, February 13, 2009

Happy Birthday





Happy Birthday Wishes!!!


Hoping that your birthday brings lots of nice and happy things.

Happiness is having someone like you! Happy Birthday!

再也沒有比今天更重要, 祝你生日快樂!

Birthday Cake ကို အဝတီးသွားပါအုန်း။

Thursday, February 12, 2009

Dmobo P700


ဒီ phone ကို အရမ်းကြိုက်သည်။ ဒီအနီးနားဆိုင်မှာ ရှာကြည့်သေးသည်။ မရှိပါတဲ့။ Online မှာဘဲ ဝယ်လို့ ရသည်လို့သိရသည်။ Online မှာ ဝယ်ဖို့ဆိုတာကလဲ Visa card, Master card တို့ ရှိမှ ဝယ်လို့ ရသည်တဲ့ ၊ စိတ်ညစ်ဖို့ ကောင်းသည်။ ဒါပေမဲ့ ဒီ phone က ကလေးတွေအတွက် ပိုသင့်လျော်သည်ဆိုဘဲ။ ဘယ်သူ့ အတွက်ဖြစ်ဖြစ် အရမ်းကြိုက်သည်။ တစ်နေ့နေ့တော့ ဝယ်လို့ ရမှာပါနော်။

Wednesday, February 11, 2009

မင်္ဂလာပါ

ဒီ site လေးကိုလုဎ်နေတာတော့ ကြာပြီ ၊ အခုမှ တင်ဖြစ်ခြင်းပါ။ အစက တင်ဖို့ အစီအစဉ်မရှိ ၊ နောက်တော့ ကိုယ့်ရဲ့ မွေးလဖြစ်လို့ အမှတ်တရ အနေနဲ့ ကိုယ့်အကြိုက်ဆုံးအရုပ်ရဲ့ site ကိုတင်တာပါ။ သူများတွေတင်တဲ့ site က အရမ်းစုံသည်။ အဲလိုဖြစ်အောင် တင်ပေးချင်သည်။ တင်နိုင်အောင် ကြိုးစားပါ့မယ်။ မတင်နိုင်လဲ အပြစ်မတင်ရဘူးနော် ၊ အမြဲတမ်းလဲ လာလည်ရမယ်နော်။ စာရေးတာတော့ ဝါသနာ ပါတယ်။ ဒါပေမဲ့ စာမရေးတတ်ဘူး။ ကဗျာလဲရေးချင်တယ် ၊ မရေးတတ်ဘူး။ ဟီး။ နဲနဲတော့ ရေးကြည့်မယ်နော်။ လာလည်တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။