Thursday, January 21, 2010

နှလုံးသားက ငြင်းပယ်တဲ့အသံ


အားးးး
ဘယ်ကိုပြေးရမလဲ။ လိုက်နှောင့်ယှက်နေတယ်။ ဘယ်နေရာကိုမှ ပြေးလို့မလွတ်နိုင်ဘူး။ ကိုယ့်ရဲ့အခန်းထဲမှာနေလို့မဖြစ်တော့တဲ့အခြေအနေမှာ ဘယ်အခန်းကိုပြေးမလဲ။ ဘယ်အခန်းမှမပြေးနဲ့ ၊ မလွတ်ဘူး။ တစ်အိမ်လုံးအနှံ့ကြားနေရတဲ့ အသံကြောင့် လူက အပြင်မထွက်ချင်လဲထွက်ရပေဦးတော့ဘဲ။ အသံ တိတ်ဆိတ်နေရင် လူကိုခြောက်လှန့်စေပေမဲ့ သိပ်ကျယ်တဲ့အခါ လူကိုအနှောင့်အယှက် ဖြစ်စေနိုင်လားလို့မေးမယ်ဆိုရင် မဆိုင်းမတွနဲ့ဘဲဖြေမယ် ၊ သိပ်ဖြစ်စေနိုင်တာပေါ့ကွယ်။ ပတ်ဝန်းကျင်အသံနဲ့ဘဲလူက တော်တော်လုံလောက်နေပြီ။

ကိုယ့်ရဲ့အခန်းထဲမှာ ဘာလို့နေလို့မဖြစ်ဘူးလဲဆိုရင် ကိုယ်နေတဲ့လေးထောင့်အခန်းကျဉ်းကျဉ်းလေးထဲမှာ Amplifier လို့ခေါ်တဲ့အသံချဲ့စက် ၁လုံး ရှိတယ်။ စပီကာ၎လုံးချိတ်ထားတယ်။ တီဗီ၁လုံးရှိတယ်။ ကွန်ပြူတာအင်တာနတ်က အဲဒီအခန်းထဲမှာချိတ်ထားတာဖြစ်တယ်။ တီဗီကော ၊ အသံချဲ့စက်ကောရှိတာ ဟန်ကျလိုက်တာလို့တွေးထင်ရင်မှားပြီ။ သင်တို့ရုပ်ရှင်ရုံ ရောက်ဖူးကြမှာပါ။ အဲဒီအသံအတိုင်းပါဘဲ ၊ အခန်းကျဉ်းကျဉ်းလေးထဲမှာ အသံတွေဝုန်းဒိုင်းကျဲနေတာ။ တစ်နေ့ထဲမဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် ၊ တစ်ရက်မှမနားဘူး။

တစ်ချို့က အသံတွေဆူညံနေမှကြိုက်တယ် ၊ တစ်ချို့ကျတော့ အသံတွေတိတ်ဆိတ်နေမှကြိုက်တယ်။ ကိုယ်က အသံဆူညံတာမကြိုက်တော့ စဉ်းစားကြည့်တယ်။အသံဆူညံတာကြိုက်တဲ့လူက တစ်နေကုန် ဆူညံနေရင်ကော ခံနိုင်ပါ့မလား။ ခံနိုင်မယ်ထင်တယ်။ သိပ်ရှည်ရှည်ဝေးဝေးကြည့်စရာလိုမယ်မထင်ဘူး။ အိမ်က ဦးလေးနဲ့ဘဲ တော်တော်ပြည့်စုံနေပြီ။ ဦးလေးလို လူမျိုးလဲ အများကြီးရှိမှာပါ။

ဦးလေးက အသံနဲ့ပတ်သက်ရင် ဘယ်တော့မှတိုးတိုး နားထောင်တာမရှိဘူး။ အမြဲအကျယ်ကြီး ၊ ရုပ်ရှင်ရုံလဲဘယ်တော့မှမသွားဘူး။ အသံချဲ့စက်တွေကို စိတ်ဝင်စားတာ ထင်တယ်နော်။ ယောက်ကျားလေးတော်တော်များများ စိတ်ဝင်စားမယ်ထင်တယ်။ အသံချဲ့စက်ပါရင် အသံကပိုနားထောင်ကောင်းတာ လက်ခံပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရုံလိုမျိုး မဖွင့်ရင်မရဘူးလားဟင်။ မရဘူးတဲ့။ အဲလိုအသံအကျယ်ကြီးမှ ကြည့်လို့ကောင်းတာတဲ့ဗျာ။
စိတ်တွေသိပ်မွန်းကျပ်လာတော့ ထိုင်ငိုမိတယ်။

ဪ... ဒါဆို တီဗီပိတ်လိုက်ရင် အသံတွေမကြားရတော့ဘူးလေ ၊ ဘယ်ဟုတ်မလဲဗျာ။ နောက်ဖေးထမင်းစားခန်းထဲမှာ ရေဒီယိုတစ်လုံးက ဆယ်နှစ်ရာသီမပြတ် နေရာယူထားသေးတယ်။ ကိုယ့်အခန်းက ထမင်းစားခန်းနဲ့ကပ်ရပ်ပါ။ အသံကတော့ တိုးတိုးလေးလား ၊ မဟုတ်ပါဘူး ၊ အသံအကျယ်ကြီးကြိုက်တဲ့ဦးလေးဘဲ ၊ အသံအမြင့်ဆုံးလှည့်ထားတယ်။ အဲဒီရေဒီယိုဟာ နေ့လည်၁၂နာရီကစလို့ မနက်၅နာရီထိ အလုပ်လုပ်ရရှာတယ်။ တစ်ချက်ကလေးမှနားရင် မကြိုက်တဲ့ဦးလေးပါ။ အသံတွေကြားနေရမှ စိတ်ချမ်းသာတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။

ဪ... ဒီလောက်တင်ဘဲလား ၊ မဟုတ်ပါဘူး။ သူ့ရဲ့အိပ်ခန်းလေးထဲမှာလဲ နေ့လည်၁၂နာရီကနေ မနက်၅နာရီထိ အလုပ်လုပ်ရတဲ့ ရေဒီယိုတစ်လုံးရှိပါသေးတယ်။ တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် အဒေါ်အခန်းထဲက တစ်လုံးကိုပါ ဖွင့်ထားလိုက်သေးတယ်။ တစ်အိမ်လုံးပြေးစရာနေရာမရှိတာ ဒါမျိုးပါဘဲ။ ဘယ်ဘဝက ဝဋ်ကြွေးလဲကွယ်။

ဪ ဒါဘာရှိအုံးမှာလဲ။ အိမ်ရှေ့ဧည့်ခန်းထဲတွင် ဓတ်စက်အမြောက်အမြားနှင့်အသံချဲ့စက်များစွာရှိသည်။ ဆောင်းဘောက်ကြီးဘဲ အလုံး၂၀တိတိရှိသည်။ တီဗီတစ်လုံးရှိသည်။ Home cinema လို စက်တစ်လုံးရှိသည်။ ရုပ်ရှင်ရုံကဲ့သို့ ပြသနိုင်သည်။ ရုပ်ရှင်ရုံလောက်တော့မကြီးပါ။ ဒါပေမဲ့ တော်တော်ကြီးပါတယ်။ အဲဒီလောက် စက်တွေအများကြီးဝယ်ထားတာ စက်မပျက်အောင်လဲ ထိန်းသိမ်းစောင့်ရှောက်ရဦးမည်ဟု ကြွေးကြော်ပြီးသကာလ။ တစ်ပတ်တစ်ခါ သူ့ရဲ့စက်ဖွင့်ရက်ဆိုတာ ရှိတယ်။ အဲလိုနေ့မျိုးဆို တတ်နိုင်သလောက်ရှောင်တယ်။ အိမ်မှာနေရင် ရူးသွားမှာစိုးလို့ပါ။ စက်ဖွင့်ရက်ဆို သိပ်စိတ်ညစ်တယ်။ ပြောရင်းတောင်ငိုချင်တယ်။ ဘာတွေဖွင့်လဲ သိချင်လား? James Bond ခွေ တစ်မျိုးဘဲဖွင့်တာ။ အဲဒီခွေဘဲ ဘယ်တော့မှမပြောင်းဘူး။ James Bond တောင်မှ သူ့ရဲ့စံချိန်နဲ့ကိုက်ညီမှ ဖွင့်တာ။ အပတ်တိုင်းဒီခွေကြီးဘဲ ပြနေတာ တစ်ခြားခွေလေး မဖွင့်ဘူးလားလို့ မေးတော့ အဲဒီခွေရဲ့အသံက အစုံပါတယ်တဲ့၊ နားမလည်ပါဘူး။ ကိုယ်ဆိုရင် စက်လဲစမ်းမနေတော့ပါဘူး ၊ ကြည့်ချင်တဲ့အချိန်မှဘဲ ဖွင့်ကြည့်မယ်လေ။ အဲဒီ စက်စမ်းရင် ဖွင့်တဲ့အသံက အိမ်ကနေ ဟိုးလမ်းထိပ်လောက်ကြားရတယ်။ အိမ်နီးချင်းကလဲ ဘာမှမပြောဘူး။ အံ့ဩကုန်နိုင်ဖွယ်။ ဒီ စက်တစ်လုံးဘဲ စမ်းတာမဟုတ်။ အဒေါ်အခန်းထဲမှာ ကက်စက်ကြီးကြီးတစ်လုံးရှိတယ်။ အဲဒါလဲ တစ်ခါထဲ ဖွင့်တယ်။ ဘာသီချင်းလဲဆိုတော့ ကုလားသီချင်း။ အားးး ဆူညံနေတာဘဲ။ မနက် ၁၁နာရီက ဖွင့်လိုက်တာ ညနေ ၅ နာရီမှရပ်သွားတော့တယ်။ တကယ် အရမ်းစိတ်ညစ်တယ်။

နောက်ဆုံးတော့ အိမ်ရှင်ကဘဲ အနိုင်ယူရမှာပေါ့။ လူကြီးတွေက တကယ်ဘဲ။ ကိုယ်လုပ်ချင်တာဘဲသိတယ်။ အဘွားဆို မဲ့ကာရွဲ့ ကာနဲ့ ။ ကိုယ်ကဘဲ တစိတ်ကို တစ်အိတ်လုပ်နေတယ်လို့ ထင်နေတာ။ ကိုယ့်ကြောင့်ဘဲ ရုပ်ရှင် မကြည့်ရသလိုလိုနဲ့ သိပ်မကျေနပ်ဘူးထင်ပါ့။ တိုးတိုးလေးကြည့်ရင် ရပါတယ်လို့ ပြောလိုက်တယ်။ အဲဒါမှ ကြည့်ရလို့ နဲနဲကျေနပ်သွားတယ်။ ခုဆိုရင် နားပိတ်( အသံဆူညံမှုကို ခံနိုင် )တဲ့ဟာလေး တပ်ထားရပါတယ်။ အသံတွေကို မခံနိုင်ဖြစ်လာပြီလေ။ လူတွေ စကားပြောတာတောင် နားမထောင်ချင်တော့ဘူး။ ရှိရှိသမျှအသံကို နားထောင်လိုက်တာနဲ့ စိတ်ကတိုတိုလာတယ်။ ဒီနားပိတ်တဲ့ဟာလေး တပ်လိုက်တော့ တော်တော်ကောင်းလာတယ်။ စကားပြောလို့ တော့မကောင်းဘူးပေါ့။

ဒီလောကကြီးမှာ ရှိနေသရွေ့ အသံနဲ့ ကင်းလွတ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

Sunday, January 10, 2010

ပျော်ရွှင်စွာ ရယ်မောနိုင်စေရန်



စိုင်းဆိုင်မောဝ်ရဲ့ သီချင်း ခေါင်းစဉ်ကမေ့နေပြီ.. ဟီးဟီး.. သီချင်း
မူရင်းက ဒီလို..
မေရယ်.. အထင်တော့မလွဲလိုက်နဲ့ဦး.. စာလွှာများရောက်မလာခဲ့ရင်..
မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော် ဆိုတာ..
အဲဒါကို ဖျက်ဆိုကြတာ..
မောင်ရယ် အထင်တော့မလွဲလိုက်နဲ့ဦး.. email များရောက်မလာခဲ့ရင်
မေ့အပေါ်မှာ မငြိုငြင်ပါနဲ့နော်..
မေတို့ ခေတ်သမီးဘ၀ဟာ.. ချစ်သူကို လွမ်းဖို့ရာ
တစ်ခါတစ်လေ အချိန်တော့မပေးနိုင်ပါ..
ဈေးဆိုင်တွေ ကျော်ကာဖြတ်လို့.. ပိုက်ဆံကုန်အောင်ဖြုန်းဖို့..
ဆလင်းဘတ်အိတ်ကို လွယ်တာ..
ဒါတွေကို shopping mall က အသိဆုံးပါ မောင်ရယ် မေးကြည့်ပါကွယ်..
မေ့သဘောနဲ့ ပြောပြရရင် ရှိသောပိုက်ဆံများကို သုံးကာလေ အကုန်ဝယ်ချင်သပေါ့နော်..
ဒါပေမယ့် မုန့်ဖိုးပြတ်နေ သမီးပျိုမှာလေ.. မျက်စိသာ အစာကျွေးရင်း..
ဘေးမှာသာ ပတ်လျှောက်နေရရှာ..
Rဇာနည် ရဲ့ မုန်းပြီလား မေ့ပြီလား သီချင်းကိုဖျက်ထားတာကြားဘူးတယ်…
မုန့် တီလား မြီးရှည်လား ကိုယ့်ကိုတစ်ပွဲလောက်ပြင်ပေးပါ..
ငရုတ်သီးများများ နံနံမထည့်ဖို့ တောင်းဆိုချင်တာ…..
ဟိုတစ်ခါ အကြွေးတောင်းတုန်းက မင်းရဲ့မျက်နှာ
ငါပြန်ဆပ်လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြည်တွေလို ကြည်နှုးသွား …
ငွေတိုးချေးစားတဲ့ မင်းရဲ့ မျက်နှာ
ဒီတစ်ခါ အတိုးမရတော့ မင်းရဲ့မျက်နှာ
သေကောင်ပေါင်းလဲရုပ်နဲ့ ရှုံ့တွ တဲ့အခါ
ငါ ရွံတယ် တကယ် မခေါ်ဘူး သွား
အတိုးသိပ်မက်တဲ့ မင်းရဲ့ .. မျက် .. နှာ …
ချစ်ကောင်း – လူကြမ်းလေး
ချစ်လွန်းလို့ ဖြစ်သွားတာပါ
လူကြမ်းလေးကို နားလည်ပါ
စိတ်ဆိုးပြီး နာကျည်းသွားလား
မင်း အမျိုးသမီး သူငယ်ချင်းလေး အပေါ်မှာ
ကိုယ်လုပ်လိုက်တဲ့ အဖြစ်ဟာ
အချစ်လေး … ကိုယ်ဟာ နှာဘူးကြီးပါ
ကိုယ်ဟာ ကြောင်ဖားကြီးပါ …
စိုင်းစိုင်းသီချင်းလေ….
မဟုတ်ပါဘူး၊ မလုပ်ပါဘူး မင်းထမိန်တွေမရုတ်ပါဘူး၊
မို့မို့ဇော်ဝင်း ရဲ့ ပိုင်ရှင် သီချင်းပါ
“ပိုင်ရှင် မရှိသေးတဲ့ ဗိုက်ကြီးသည် ၊ ပိုင်ရှင် ကိုယ်ဖြစ်လိုက်ချင်ပါတယ်။ “
ဝိုင်ဝိုင်း-မေ့မှာပါ
ကူးစက်ခဲ့ သုံးလုံးနဲ့ နှစ်လုံးရောဂါ
လ စဉ်ဖြစ်ပွား
ဒီအတိုင်းသာ ပုံမှန်ချီတက်သွား
ကြာရင်ငါနဲ့မင်း…အို မွဲမှာပါ
ပိုးအိစံရဲ့…..မွေးထာနီ..သီချင်းလေးပါ……
မွေးပြန်ပြီ……..ဆယ်ယောက်မြောက်မို့…….
ဆရာဝန်ဖယ်စမ်း……ကျုပ်ကြည့်စမ်းမည်…..
ခေါင်းထွက်လာပြီ……..ခြေထောက်ထွက်လာပြီ…..
ကျွန်တော့အတွက်တော့……..ကလေးတစ်ယောက်ရပါလေပြီ…….
စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းတပုဒ်ပါ
၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့
အဲဒီနေ့ကအပူးမထွက်ပါ……….
ဒီဇင်ဘာ၈ရက်နှလုံသားကိုဓာတ်လိုက်ပြီ တလုံးပဲလွဲသွားတယ်……………
ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်လေးထွက်သွားတယ် အို….အို….အရူးအမူးပဲ
မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့လေထဲတိုက်အိမ်ဆောက်ခဲ့ ဘူးတာပဲပျော်မြူးခဲ့
တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ
ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ
အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့
ပြန်ပေါက်လိုက်ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက်……………….
…………………………………………………………..
(ကျွန်တော့်ကိုသနားလို့တဲ့….သူတောင်းစားကငွေနှစ်ဆယ်ေ ပးသွားတယ်
အရှက်ကိုကွဲရော)
R ဇာနည် သီချင်း
ညနေခင်းရဲ့ လေပြည်ထဲမှာ
မင်းထမိန်တွေ ၀ရန်တာမှာ လှမ်းတဲ့အခါ
ချိတ်နဲ့ မချိတ်တော့ သိပ်ဆိုးတာ
လမ်းပေါ်ကို အကုန်လွင့်ကျလာ
ဘာဘူကြီးတောင် ငိုနေပြီကွာ
မင်းထမိန်လေးဟာ သူ့ရဲ့ခေါင်းပေါ်မှာ
ကျွန်တော့် မမ သောက်ပြင်းထူ
ကျောမှာရင်မှာ ၀ဲတွေထူ
အများနဲ့မတူ လက်တဖက်နူ…
ပြန်ကြည့်ကြည့်ရင် သောက်မြင်ကပ်စရာလည်းကောင်းလှသူ
ကျွန်တော့်မမ မမ သောက်ပြင်းထူ…..

ဟာသလေးတစ်ပုဒ်ပါ ဖတ်လိုက်မိလို့ပါ ချစ်သောစာဖတ်ပရိတ်သတ်တို့ကို လည်း ပျော်ရွှင်စွာ ရယ်မောနိုင်စေရန် ပြန်လည်မျှဝေလိုက်ရပါတယ်

Friday, January 8, 2010

{What is LoVe???}


ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ ဆွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

လူတိုင်းချစ်ခြင်းကို တန်ဖိုးထားနိုင်ကြပါစေ။

Mail ထဲကရတာလေး ပြန်ဝေမျှတာပါ

Friday, January 1, 2010

Happy New Year 2010 Fireworks !!!

၂၀၁၀နှစ်သစ်ကူးမှာ ရောက်ရှိလာတဲ့ဘလော့ကာမိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


နိုင်ငံတော်တော်များများရဲ့နှစ်သစ်ကူးမီးပန်းပါ။






Youtube ကနေကူးယူထားတာပါ။