Friday, August 14, 2009

တွေ့ဆုံပွဲလေး

ဩဂုတ်လ ၁၂ရက်နေ့ညက ကျုံးဟို ရဲ့ ဒန်တီကော်ဖီဆိုင်မှာ ဘလောက်ဂါများတွေ့ဆုံပွဲလေးပြုလုပ်ခဲ့ပါတယ်။ လူအများကြီးတော့မဟုတ်ပါဘူး။ အားလုံး ခုနှစ်ယောက်ပါ။ ကိုဒီကိုလာက စင်ကာပူကနေထိုင်ဝမ်ကိုလာလည်လို့ တွေ့ဖြစ်ကြတာပါ။ ကိုဒီကိုလာ ၊ ကိုမြစ်ကျိုးအင်း ၊ ကိုအဖြူလေး ၊ ဘလောက်တကာများရဲ့ ကိုသုဒြေ္န ၊ ဂျစ်တူးလေး ၊ မေဒီဇာ ၊ ဝင်းနီးပူး တို့တွေ့ဖြစ်ခဲ့ကြတာပါ။ တွေ့ဆုံပွဲလေးကရိုးရှင်းပေမဲ့ အားလုံးခင်မင်စရာကောင်းပါတယ်။ ဝါသနာတူတဲ့( အားလုံးကစာရေးချင်တဲ့)သူချင်းမို့ တွေ့ဆုံကြတာလို့ ကိုအဖြူလေးကပြောတယ်။

မကီကီက ည၁၁နာရီမှပြန်ရောက်မှာမို့ မလာဖြစ်ပါဘူးတဲ့။ ကိုနေလင်းကလဲ မြောင်လိကိုရောက်နေလို့မလာဖြစ်ပါ။ ဝါဝါကတော့ ညဘက်အလုပ်ဆင်းရမယ်ဆိုလားဘဲ။

သူတို့ဟာသူတို့တော့စကားတွေပြောကြတာဘဲ။ ဝင်းနီးပူးကတော့ ၁ခွန်းစ ၂ခွန်းစတော့ပြောပါတယ်။ သိပ်တော့လဲမပြောဖြစ်ပါဘူး။ ဘလောက်တကာများရဲ့ ကိုသုဒြေ္န နဲ့ မေဒီဇာကနောက်ကျမှရောက်လာတာပါ။ သူတို့လာတော့ဝိုင်းကပိုပြည့်စုံသွားပေမဲ့ ဝင်းနီးပူးက ပြန်ရမဲ့အချိန်ရောက်လို့ပြန်လာခဲ့တယ်။

ကိုကြီးသုဒြေ္နကရောက်တာနဲ့ စကားတွေအဆက်မပြတ်ပြောတယ်။ ပြောတဲ့စကားတွေကလဲ ပြည့်စုံပါပေတယ်။ ကိုယ်ကစာရေးတာမကောင်းဘူးလို့ ကိုယ့်ကိုယ်ထင်နေတာတွေကို ကိုကြီးသုဒြေ္န စကားကြားတော့ အားတက်သွားခဲ့ပါတယ်။ ကျေးဇူးပါကိုကြီးသုဒြေ္နရေ။ အဲဒီရက်က အကြာကြီးတာနေခွင့်ရခဲ့ရင် ဒီထက်တန်ဖိုးရှိတဲ့စကားတွေကြားရအုန်းမှာပါလေ။

7 comments:

မြစ်ကျိုးအင်း said...

တွေ့ဆုံပွဲကို ရောက်လာပါတယ် ဟဲဟဲ...
နေကောင်းသွားပြီလား

ahphyulay said...

နောက်တစ်ခါတွေ့ ရင်စကားများများပြောဗျ။စကားများများပြောရင်
စာအရေးအသားပါကောင်းလာမယ်၊ဟဲဟဲ...။ရေးသာရေး ရဲရဲလေး
အားပေးမယ်ဗျို့ 

သားကြီး said...

တွေ့ဆုံပွဲလေးကိုအားကျမိပါတယ်ဗျာ
ကျနော်ကတော့ဒီမှာ တစ်ယောက်တည်းရယ်
ခင်တဲ့ဘော်ဘော်တွေကလည်း ဘလော့ကိုစိတ်မဝင်စားဘူး
gtalkမှာချည်းခေါင်းနှစ်နေကြတာ
တနေ့နေ့သူတို့မှာQလိုက်ရတာ
မောပဲမောနိုင်တော့ဘူး

ဝက်ဝံလေး said...

ဟယ် ဟုတ်ပါ့ ကိုသားကြီးပြောသလို တွေ့ဆုံပွဲလေးကို အားကျတယ် ကွယ် ဂယ်ပဲ ဟိဟိ အားကျစွာနဲ့ ဖတ်သွားတယ် သိလား

အော် ဒါနဲ့ ကြောက်ကြောက်နဲ့ အစအဆုံး ဖတ်သွားတယ် ဟုတ်လား စိတ်ချ နောက်တခါ လဲ အဲဒါမျိုးတွေ တင်ပေးဦးမယ်သိလား ဟိဟိ

သီဟသစ် said...

ညီမ pooh ရေ

ပျော်စရာကြီးနေမှာနော်
တို့လည်း ဒီကလူတွေ စုတွေ့ဖြစ်ကြတယ်



မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
သီဟသစ်

မေလေး said...

အကိုသီဟပြောတာ ဟုတ်တယ် pooh ရ ။
ဒီမှာလဲ မကြာခဏတွေ့ဖြစ်ကြတယ်။

တို့ကနာမည်မပြောင်းချင်ပါဘူးး သူငယ်ချင်းရယ်
တို့ ကိုယ်ပိုင်နာမည်အရင်းမို့ ကြိုက်ပါတယ်။
စီဘောက်တွေမှာ လိုက်အော်နေတာ တို့လို့ ထင်တဲ့သူများလို့
အခုလိုပြောင်းလိုက်တာပါ။

Chitpalonelay said...

များလည်း ဆုံချင်တာပေါ့နော်။ များကတယောက်တည်း ဟွန့်
အားကျလိုက်တာ။ ပျော်ရွှင်ပါစေ။ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Post a Comment