Sunday, May 9, 2010

အေးမြရိပ်သာ




မနက်ဆို အလုပ်တက်ဖို့ကားစောင့်ရတာမလွယ်ကူ။ အလုပ်တက်ချိန်ဆို ကားကမလာ ၊ ကျန်တဲ့အချိန်ဆို ကားကများမှများဘဲ။ တစ်ခါတစ်လေရှိသေးတယ်။ ကိုယ်က ဒီဘက်ကမ်းမှာဘဲရှိသေးတယ်။ ကားက ဟိုဘက်ကမ်းမှာ ၂စီးဆက်တိုက် ၊ အဲလိုမျိုးလာပြီးရင် လာတော့ဘူးလေ။ ကားမလာလို့ ရင်နာနာနဲ့ တက္ကစီ စီးရတာ ၄ခေါက်လောက်ရှိနေပြီ။ ဆိုင်ကယ်တောင် တက်စီးချင်စိတ်ပေါက်တယ်။ အိမ်က စိတ်မချတော့ မစီးရဘူးလေ။ နိုးတာနောက်ကျလို့ လားလို့ အစောကြီးထပြီး သွားတော့လဲ ကားကမလာ။ ကားက သူလာချင်တဲ့ အချိန်လာတာကိုး။ အဲဒီကားတွေကို ဦးစီးတဲ့ ရုံးတွေကို ဖုန်းဆက်တော့လဲ အခြေအနေက ဘာမှ ထူးခြားမလာ။ အဲဒီတော့ကာ ၇နာရီမထိုးခင် သွားစောင့်တာတောင် လာချင်မှလာမဲ့ကား။

မနက်ဆို ကိုယ်ကအိပ်ရာထဖို့ဘဲလေ။
ရေဗူး ၊ ထမင်းဗူး ၊ မနက်စာအားလုံးကို အမေဘဲ ပြင်ဆင်ပေးတာ။
အလုပ်ကပြန်လာရင်လဲ ထမင်းဗူး ၊ ရေဗူး အားလုံး ဆေးပေးတာ ..... အမေပဲ။
အလုပ်မှာ အကောင်တွေကိုက်လို့ အိမ်ပြန်လာရင် ရှားစောင်းလက်ပတ်ကပ်ပေးတာ ..... အမေပဲ။
ည ထမင်းစားပြီးရင်လဲ ပန်းကန်တွေအားလုံးဆေးပေးတာ ..... အမေပဲ။
ညည ထမင်းစားပြီးရင် သစ်သီးတွေလုပ်ပေးတာလဲ ..... အမေပဲ။
အလုပ်မှာ အထက်အရာရှိက အလုပ်တွေကို နှိမ်ပြီးခိုင်းရင် အရာရှိက အလုပ်ကောင်းကောင်းတွေခိုင်းအောင် မေတ္တာပို့ပေးတာ ..... ဒီအမေပဲ။

ဒီလကုန်ရင် အမေကပြန်တော့မှာလေ။
တစ်နှစ်တစ်ခါပြန်လာမယ်လို့အားပေးတဲ့ အမေ
စိတ်ကိုနူးညံ့အောင်ထား ၊ စိတ်ထဲဘာမှမတွေးရဘူး ၊ အမြဲတမ်းပျော်ပျော်နေပါလို့ အားပေးတဲ့ အမေ
အမေပြန်လာတဲ့အချိန်မှာ ဘဝကြီးဟာ သာယာလှပပြည့်စုံလို့နေတယ်။
အမေရဲ့ ရင်ခွင်ထဲ ခိုဝင်နေချိန်မှာလဲ လောကကြီးကို ကြောက်စိတ်မရှိတော့ဘူး ၊ အေးချမ်းလုံခြုံလို့နေတယ်။
အမေရဲ့အားပေးမှုအောက်မှာ ဘဝက တစ်ဖန်ပြန်လည်ရှင်သန်လာခဲ့ပြီ။ လမ်းတွေပျောက်ဆုံးနေပြီလို့ ထင်ခဲ့ရပေမဲ့ အမေပြန်လာတော့ အားပြန်တက်လာတယ်။
အမေရဲ့ အားပေးစကားကို စိတ်ထဲအမြဲထည့်ထားရင်း လောကကြီးကို သတ္တိအပြည့်နဲ့ရင်ဆိုင်ဖို့ကြိုးစားနေပါတယ်။

အမေပြန်သွားရင် အမေပွါးတစ်ယောက်ထပ်ရှိပါသေးတယ်။ အမေ၂ယောက်ပါ။
ဒီအမေကလဲ အမေရင်းကိုမရှုံးပါ။ တစ်ခါတစ်လေ အဆစ်ပါသေးတယ်။ လိုအပ်တာထက်ပိုပြီးအသေးစိတ်သိသေးတယ်။
ဒီအမေကတော့ ဟင်းချက်ပေးတယ်။ နေ့စဉ်စားသောက်ဖို့ ဒီအမေဘဲ အကုန်ပြင်ဆင်ပေးတယ်။
အလုပ်မှာအကောင်ကိုက်လို့ ရှားစောင်းလက်ပတ်လိမ်းလို့မပျောက်တဲ့ အနာကို မနေ့က တိုင်းရင်းဆေးဆရာမကြီးရှိတဲ့နေရာ သွားပြီး ဆေးသွားယူပြီး ပြန်လာတော့ ကိုယ်တိုင်ဆေးလိမ်းပေးပါတယ်။ တော်တော်သက်သာနေပါပြီ။ ကျေးဇူးပါ မေမေ
ဝမ်းနည်းနေတဲ့အချိန် အနားမှာ အားပေးစကားပြောပါတယ်။
ရုံးကိစ္စ ၊ အလုပ်ကိစ္စ အကုန် ဒီအမေဘဲလုပ်ပေးတာပါ။
အမေ၂ယောက်လုံးနဲ့တူတူ နေချင်ပါတယ်။ ဆုတောင်းပေးကြပါ။

မေလတိုင်း၏ ဒုတိယပတ်တွင် ကျရောက်သော အမေများနေ့အမှတ်တရ ။
Happy Mothers' Day !!!
天下所有的媽媽 , 母親節快樂 !!!