Wednesday, September 30, 2009

အမှတ်တရ အလွဲ

နွေဦးရဲ့ ပထမဆုံးရည်းစားနဲ့ လွဲခဲ့ရတဲ့ဇာတ်လမ်းလေးပါ........ ကောင်မလေးကတောင်ကြီးသူလေ..
ညီအမနှစ်ယောက်ရှိတယ်.....ကျွန်တော့်ကောင်မလေးကအကြီးမ ပါ....
ဖြစ်ပုံကဒီလိုဗျ...တောင်ကြီးတန်ဆောင်တိုင်မှာစပီးသိကြတာ.....ဒီလိုနဲ့ ရည်းစားတွေဖြစ်ကြပီးမကြာခင်မှာ...ရှင်းမရတဲ့ ပြသနာကြောင့်လွဲရတဲ့ အဖြစ်ပါ...ကျွန်တော်ရေးမိတဲ့..
စာတစ်စောင်ကြောင့်လို့ပဲပြောရမှာပေါ့လေ...
သူနဲ့ ကျွန်တော် လျှောက်လည်ကြတော့...သူ ကလက်အိပ်ဝတ်မထားဘူးလေ....ကျွန်တော်လည်းလက်အိပ်ဝယ်ပြီး...လက်ဆောင်ပေးဖို့ စဉ်းစားမိတယ်...ဘယ်မှာ ၀ယ်ရမှန်းလည်းမသိဘူး...သူ့ ညီမလေးကလည်း...သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့ ဝယ်စရာ...
ရှိတယ်တဲ့.....ဒါနဲ့ ပဲ...နှစ်ယောက်သားဈေးကိုလာကြတယ်...ဆိုင်ရောက်တော့. ..သူ့ ညီမလေးက..
under wear ၀ယ်တယ်...ကျွန်တော်က..သူ့ အတွက်..လက်အိပ်ဝယ်တယ်...အရောင်းစာရေးမလေးက
packing ကိုတရောင်တည်း၊တရွယ်တည်းထုပ်လိုက်တယ်လေ...ကျွန်တော်လည်း ...ပြန်မစစ်တော့ဘူးလေ....ပီးတော့ကိုယ့် ချစ်သူကိုအံ့အားသင့်စေချင်တော့....သူ့ ညီမနဲ့ ထည့်မပေးပဲ..
စာတိုက်ကနေ..ထည့်ပေးလိုက်တယ်...ပီးတော့စာတစ်စောင်ပါရေးပေးလိုက်သေးတယ်ဗျ.....
ဒီစာကြောင့်ပဲ...လွဲခဲ့ ရတယ်ဆိုပါတော့ဗျာ......
သို့
ချစ်လေးအတွက်မွေးနေ့လက်ဆောင်ပို့လိုက်တယ်.....
ဘာကြောင့်ဒီလက်ဆောင်လေးပေးရလဲဆိုတော့ချစ်နဲ့ကို
ညနေပိုင်းလမ်းလျှောက်ထွက်တဲ့အခါချစ်လေးဝတ်လေ့မရှိဘူး ဆိုတာ....
ကိုသတိထားမိတယ်ဒါကြောင့်ချစ်ဝတ်စေချင်လို့လက်ဆောင်ပေးဖို့
စိတ်ကူးမိတာ။အစတုံးကတော့ နှိပ်ကြယ်သီးလေးပါတာဝယ်အုံးဖို့
ချစ်ရဲ့ ညီမလေးကပြောတယ်ကြယ်သီးပါတာကချွတ်ရစွတ်ရမကောင်းဘူးတဲ့ ...
ဒီဟာလေးက ချွတ်ရစွတ်ရလွယ်တယ်တဲ့သူတောင်ဝတ်ပြသေးတယ်
လှလိုက်တာလေ...၊ ဆိုင်ကကောင်မလေးကလဲသူလည်ဲးဒါပဲသုံးတာတဲ့....
သူလည်းဝတ်ပြတယ်...ဟုတ်တယ်...လှတယ် အဲဒါနဲ့ကိုလဲအဲဒါလေးပဲဝယ်ခဲ့တယ်
ကိုနဲ့တွေ့ရင်အဲဒါလေးဝတ်ရမယ်နော်..တွေ့ရင်တော့လားနမ်းပစ်လိုက်အုံးမှာ
ဒါပဲနော်..သောကြာနေ့ကိုနဲ့တွေ့တဲ့အခါ ကိုနမ်းဖို့ဝတ်လာခဲ့နော် .......
ကို...
မှတ်ချက်။ ။အနားသတ်မှာအမွှေးဖွားဖွားလေးတွေပါတာဝယ်အုံးမလို့ 
ဒါပေမယ့်အသည်းလေးယားမှာဆိုးလို့ပြီးတော့ဈေးလဲကြီးလို့
ဟီးဟီး...ဒါပဲနော် ၀တ်လာခဲ့ ဖက်ကိုနမ်းအုံးမှာ။

အော်....ပြောဖို့ မေ့နေလို့ ဗျို့... သူ့ ညီမလေးကသူ့ သူငယ်ချင်းကိုပေးမယ့်လက်ဆောင်ထုပ်နဲ့ မှားသွား.
တာဗျ.....နောက်မှသိရတာလေ...ဒါပေမယ့်ဆေးမမှီတော့ဘူးလေ ...
သိတယ်မှတ်လား.....နွေဦးလေ...နွေဦး...ဂလောက်တော့ရှိ မပေါ့..ဟီးဟီး

( သူငယ်ချင်းတစ်ယောက်ပို့ ပေးတာပါ ၊ ဖြစ်ရပ်မှန်ဇတ်လမ်းလေးပါ )

4 comments:

မြစ်ကျိုးအင်း said...

ဖတ်ဖူးပေမယ့် ဘယ်အချိန်ပြန်ဖတ်ဖတ် ရယ်မောရတာပါပဲ...။

မရှင်းမရှင်းနဲ့ဆိုတော့ လွဲပေမပေါ့။

အိပ်မက်ခြေရာ said...

အမယ်လေး အသဲယားစရာကြီးပါလား နော် လုပ်လိုက်ရင် မရှင်းမရှင်းနဲ့
ပြောလိုက်မယ် နည်းတောင် နည်းသေးလို့ အဟေးဟေး

Angel Shaper said...

ဟိဟိ အူယားလိုက်တာ။ ကလိ ကလိ ကို ဖြစ်သွားတယ်။
ရယ်စရာကောင်းပြီး ဖတ်လို့လဲကောင်းတယ်။

ahphyulay said...

ဒီလိုလေးဖတ်ရတော့ လဲဝါးလုံးကွဲရယ်ရပြန်ရောလို့ ။ဆက်ရေး
ပါအုံးဒါမျိုးလေးတွေ.......။

Post a Comment