Friday, August 14, 2009

တွေ့ဆုံပွဲလေး

ဩဂုတ်လ ၁၂ရက်နေ့ညက ကျုံးဟို ရဲ့ ဒန်တီကော်ဖီဆိုင်မှာ ဘလောက်ဂါများတွေ့ဆုံပွဲလေးပြုလုပ်ခဲ့ပါတယ်။ လူအများကြီးတော့မဟုတ်ပါဘူး။ အားလုံး ခုနှစ်ယောက်ပါ။ ကိုဒီကိုလာက စင်ကာပူကနေထိုင်ဝမ်ကိုလာလည်လို့ တွေ့ဖြစ်ကြတာပါ။ ကိုဒီကိုလာ ၊ ကိုမြစ်ကျိုးအင်း ၊ ကိုအဖြူလေး ၊ ဘလောက်တကာများရဲ့ ကိုသုဒြေ္န ၊ ဂျစ်တူးလေး ၊ မေဒီဇာ ၊ ဝင်းနီးပူး တို့တွေ့ဖြစ်ခဲ့ကြတာပါ။ တွေ့ဆုံပွဲလေးကရိုးရှင်းပေမဲ့ အားလုံးခင်မင်စရာကောင်းပါတယ်။ ဝါသနာတူတဲ့( အားလုံးကစာရေးချင်တဲ့)သူချင်းမို့ တွေ့ဆုံကြတာလို့ ကိုအဖြူလေးကပြောတယ်။

မကီကီက ည၁၁နာရီမှပြန်ရောက်မှာမို့ မလာဖြစ်ပါဘူးတဲ့။ ကိုနေလင်းကလဲ မြောင်လိကိုရောက်နေလို့မလာဖြစ်ပါ။ ဝါဝါကတော့ ညဘက်အလုပ်ဆင်းရမယ်ဆိုလားဘဲ။

သူတို့ဟာသူတို့တော့စကားတွေပြောကြတာဘဲ။ ဝင်းနီးပူးကတော့ ၁ခွန်းစ ၂ခွန်းစတော့ပြောပါတယ်။ သိပ်တော့လဲမပြောဖြစ်ပါဘူး။ ဘလောက်တကာများရဲ့ ကိုသုဒြေ္န နဲ့ မေဒီဇာကနောက်ကျမှရောက်လာတာပါ။ သူတို့လာတော့ဝိုင်းကပိုပြည့်စုံသွားပေမဲ့ ဝင်းနီးပူးက ပြန်ရမဲ့အချိန်ရောက်လို့ပြန်လာခဲ့တယ်။

ကိုကြီးသုဒြေ္နကရောက်တာနဲ့ စကားတွေအဆက်မပြတ်ပြောတယ်။ ပြောတဲ့စကားတွေကလဲ ပြည့်စုံပါပေတယ်။ ကိုယ်ကစာရေးတာမကောင်းဘူးလို့ ကိုယ့်ကိုယ်ထင်နေတာတွေကို ကိုကြီးသုဒြေ္န စကားကြားတော့ အားတက်သွားခဲ့ပါတယ်။ ကျေးဇူးပါကိုကြီးသုဒြေ္နရေ။ အဲဒီရက်က အကြာကြီးတာနေခွင့်ရခဲ့ရင် ဒီထက်တန်ဖိုးရှိတဲ့စကားတွေကြားရအုန်းမှာပါလေ။

Thursday, August 13, 2009

ချင်းကွမ်းရန် 青光眼 (Glaucoma)



ဒီရောဂါကို မြန်မာပြည်မှာ သိတောင်မသိဘူး ၊ ကြားလဲမကြားဖူးဘူး။ မျက်လုံးထဲက ဖိအားများလို့ ဖြစ်တဲ့ရောဂါတဲ့။ ဖိအားများတိုင်း အဲဒီရောဂါဖြစ်ချင်မှဖြစ်တာလို့ ပြောကြတာဘဲ။ အားလုံးသိအောင်လို့ ပြောပြတာပါ။ သိပ်တော့မသိဘူး။ မှားသွားရင်လဲပြန်ပြောကြနော်။

မနှစ်က(2008) ဖေဖော်ဝါရီလောက်ထဲကမျက်လုံးက၁မျိုးဖြစ်ဖြစ်နေတယ်။ မျက်လုံးထဲကအောင့်တာလား ၊ ညောင်းတာလား ၊ ကိုက်တာလား မသိဘူး။ ကိုယ်တိုင်ကမျက်မှန်တတ်တော့ ပါဝါများတက်လားမသိဘူးလို့ တော့ထင်လိုက်တယ်။ အလုပ်လုပ်နေတာဆိုတော့ ကွန်ပြူတာကိုနေ့ မအားညမအား ကြည့်ဖြစ်နေတာကြောင့်လား ဆိုပြီး လားပေါင်းများစွာနဲ့ ဒီတိုင်းဘဲနေလိုက်တယ်။ အဲဒီအချိန်က အလုပ်တွေတအားများတော့ မျက်မှန်ပါဝါဆိုင်ကို အားမှဘဲသွားမယ်လို့ စိတ်ကူးတာပေါ့။ ဒီလိုဖြစ်နေရင်းနဲ့ မေလရောက်တော့ မျက်လုံးမှာ အပူဖုလေးပေါက်ရော ၊ မျက်လုံးနာတာပေါ့။ အဲဒါသွားမပြဘဲ အိမ်မှာရှိတဲ့ တတ်ထရာဆိုင်ကလင်းဘဲအားကိုးလိုက်တယ်။ မပျောက်ဘူး။

မပျောက်တော့ အိမ်နားမှာ မျက်လုံးပြလို့ရတဲ့ဆေးခန်း၁ခုရှိတယ်။ အဲကိုပြေးတာပေါ့။ အဲဒီရောက်တော့ မျက်လုံးကိုစက်တွေနဲ့ စမ်းသပ်တယ်။ အဲဒီမှာ မျက်လုံးကို ဖိအားတိုင်းတဲ့ကိရိယာလေးလဲရှိတယ်။ တိုင်းတော့ ဖိအားက ဘယ်ဘက် ၄၈ ၊ ညာဘက် ၄၆ တဲ့။ ဆရာဝန်မြင်ပြီးလန့် သွားတယ်။ အဲလောက်များတယ်ပေါ့။ မကောင်းဘူးတဲ့။ လူသာမန်တစ်ယောက် မျက်လုံးဖိအားက ၂၀ အတွင်းမှာဘဲရှိရမယ်တဲ့။ ဒါပေမဲ့ နောက်၁ပတ်ရောက်ရင် လာချိန်ကြည့်နော်တဲ့ ဆိုပြီး မျက်လုံးနာနေတာကို ပျောက်အောင်ဆေးပေးလိုက်တယ်။ အဲဒီတုန်းက ကိုယ်ကခပ်ပေါ့ပေါ့ဘဲ။ အဒေါ်လဲပါတယ်။ အဒေါ်က စိတ်တော့ပူနေတယ်။ အိမ်ရောက်တော့ အမေကိုပြောပြတယ်။ ဒီလိုဒီလိုဖြစ်နေတယ်လို့.။ အဒေါ်က အမေကိုပြောပြတယ်။ ဒီလိုဖိအားများရင် ရောဂါ၁မျိုးရှိတယ်တဲ့ ၊ ချင်းကွမ်းရန် 青光眼 (Glaucoma) အဲဒါဖြစ်ရင်ဘယ်လိုလုပ်မလဲတဲ့။ အဲဒါနဲ့ နောက်၁ပတ်တောင်မပြည့်ဘူး။ ထပ်သွားချိန်လိုက်တယ်။

ဖိအားက ဒီအတိုင်းဘဲမပြောင်းဘူး။ အဲဒါနဲ့ ဆရာဝန်လဲ အရေးကြီးတယ်ဆိုပြီး ဆေးရုံကြီးကိုလွှဲလိုက်တယ်။ ဆေးရုံရောက်တော့ ၁ရက်လုံးစက်တွေအများကြီးနဲ့ စစ်ဆေးခံရတယ်။ နောက်တစ်ရက်မှ ဆရာဝန်ကြီးနဲ့ တွေ့ ရတယ်။ ဆရာဝန်ကြီးကစမ်းလဲပြီးရော ၊ အရေးကြီးတယ်။ နောက်၂လနောက်ကျရင် မျက်လုံးကန်းနိုင်တယ်လို့ ပြောပါတယ်။ ချင်းကွမ်းရန် 青光眼 (Glaucoma) ဖြစ်နေတာလို့ ပြောပါတယ်။ မျက်လုံးဖိအားကျအောင်လို့ သောက်ဆေး၂မျိုးပေးတယ်။ မျက်စဉ်းဆေး၂မျိုးပေးတယ်။ အချိန်အတိကျထဲ့ခိုင်း ၊ သောက်ခိုင်းပါတယ်။ အရမ်းအရေးကြီးတယ်လို့လဲပြောလိုက်တယ်။ နောက်တစ်ရက်လာပြခိုင်းတယ်။ ဆေးသောက်ပြီး ဖိအားပြန်တိုင်းမယ်ပေါ့။ အဲဒီဆေးကသောက်ပြီး အရမ်းနေရခက်တယ်။ လူတကိုယ်လုံး ထုံနေတယ်။
နောက်တစ်ရက်ပြန်သွားပြတော့ ဖိအားက သိသိသာသာ ကျသွားတယ်။ ဘယ်ဘက် ၂၀ ၊ ညာဘက် ၁၆ ဘဲ ကျန်တော့တယ်။ အဲဒီတုန်းက စင်ကာပူကကျောင်းတတ်ဖို့ စာကလဲရောက်နေတော့ လူ၁ယောက်လုံး ဘယ်လိုလုပ်ရမှန်းမသိဘူး။

အဲဒါနဲ့ ဆရာဝန်က သောက်ဆေးရပ်ပြီး မျက်စဉ်းဘဲခပ်ခိုင်းတော့တယ်။ နောက်၁ပတ်ထပ်ချိန်းလိုက်တယ်။ နောက်၁ပတ်မှ ဆရာဝန်ကိုမေးရမှာပေါ့ ၊ စင်ကာပူသွားလို့ ရမရကို။ နောက်တစ်ပတ်ရောက်တော့ ဆရာဝန်ကိုမေးပါတယ်။ စင်ကာပူမှာစာသွားဖတ်လို့ ရမလားပေါ့။ ဆရာဝန်ကရပါတယ်တဲ့ ၊ ဒါပေမဲ့ ဘယ်နေရာရောက်ရောက် မျက်လုံးကတော့ ပုံမှန် စစ်ဆေးနေရမှာပေါ့လေ။ မျက်စဉ်းလဲအမြဲခပ်နေရမှာပါတဲ့။ အဲဒီလိုနဲ့ စင်ကာပူကျောင်းကို တစ်ပတ်နောက်ကျပြီးတက်ဖြစ်ခဲ့ပါတယ်။

ဒီရောဂါက လူကြီးတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။ မျိုးရိုးရှိရင်လဲဖြစ်တတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မျိုးရိုးမရှိလဲ ဖြစ်တတ်တယ်။ ရောဂါဖြစ်ရင် ဘာမှသိသာ ခံစားမှုမရှိဘူးတဲ့။ အဲဒါကြောင့်အသိနောက်ကျပြီး မျက်လုံးကန်းတာဖြစ်နိုင်ပါတယ်။ ဒါကြောင့်အားလုံးဘဲ မျက်လုံးဖိအား နဲ့ မျက်လုံး စမ်းသပ်ခြင်း ကို တစ်နှစ်တစ်ခါလုပ်ဖို့ အသိပေးလိုက်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ google မှာ ရိုက်ပြီး ဖတ်ရှုနိုင်ပါတယ်။

ဆက်ဖတ်ကြည့်မယ် အကြောင်း

ဆက်ဖတ်ကြည့်မယ်ကိုနှိတ်ရင် ဘာမှပြောင်းလဲမှုမရှိဘူးဖြစ်နေပါတယ်။ တဲန်းပလိတ်လဲလိုက်တာ မလုပ်တတ်တော့ဘူး။ ခေါင်းစဉ်ကိုနှိတ်ပြီးဘဲ ဖတ်ကြပါလို့ ပြောပါရစေ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Tuesday, August 11, 2009

အပျင်းပြေ





Winniepooh

For More Games, Visit Dress Up Doll Games