Wednesday, September 30, 2009

အမှတ်တရ အလွဲ

နွေဦးရဲ့ ပထမဆုံးရည်းစားနဲ့ လွဲခဲ့ရတဲ့ဇာတ်လမ်းလေးပါ........ ကောင်မလေးကတောင်ကြီးသူလေ..
ညီအမနှစ်ယောက်ရှိတယ်.....ကျွန်တော့်ကောင်မလေးကအကြီးမ ပါ....
ဖြစ်ပုံကဒီလိုဗျ...တောင်ကြီးတန်ဆောင်တိုင်မှာစပီးသိကြတာ.....ဒီလိုနဲ့ ရည်းစားတွေဖြစ်ကြပီးမကြာခင်မှာ...ရှင်းမရတဲ့ ပြသနာကြောင့်လွဲရတဲ့ အဖြစ်ပါ...ကျွန်တော်ရေးမိတဲ့..
စာတစ်စောင်ကြောင့်လို့ပဲပြောရမှာပေါ့လေ...
သူနဲ့ ကျွန်တော် လျှောက်လည်ကြတော့...သူ ကလက်အိပ်ဝတ်မထားဘူးလေ....ကျွန်တော်လည်းလက်အိပ်ဝယ်ပြီး...လက်ဆောင်ပေးဖို့ စဉ်းစားမိတယ်...ဘယ်မှာ ၀ယ်ရမှန်းလည်းမသိဘူး...သူ့ ညီမလေးကလည်း...သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့ ဝယ်စရာ...
ရှိတယ်တဲ့.....ဒါနဲ့ ပဲ...နှစ်ယောက်သားဈေးကိုလာကြတယ်...ဆိုင်ရောက်တော့. ..သူ့ ညီမလေးက..
under wear ၀ယ်တယ်...ကျွန်တော်က..သူ့ အတွက်..လက်အိပ်ဝယ်တယ်...အရောင်းစာရေးမလေးက
packing ကိုတရောင်တည်း၊တရွယ်တည်းထုပ်လိုက်တယ်လေ...ကျွန်တော်လည်း ...ပြန်မစစ်တော့ဘူးလေ....ပီးတော့ကိုယ့် ချစ်သူကိုအံ့အားသင့်စေချင်တော့....သူ့ ညီမနဲ့ ထည့်မပေးပဲ..
စာတိုက်ကနေ..ထည့်ပေးလိုက်တယ်...ပီးတော့စာတစ်စောင်ပါရေးပေးလိုက်သေးတယ်ဗျ.....
ဒီစာကြောင့်ပဲ...လွဲခဲ့ ရတယ်ဆိုပါတော့ဗျာ......
သို့
ချစ်လေးအတွက်မွေးနေ့လက်ဆောင်ပို့လိုက်တယ်.....
ဘာကြောင့်ဒီလက်ဆောင်လေးပေးရလဲဆိုတော့ချစ်နဲ့ကို
ညနေပိုင်းလမ်းလျှောက်ထွက်တဲ့အခါချစ်လေးဝတ်လေ့မရှိဘူး ဆိုတာ....
ကိုသတိထားမိတယ်ဒါကြောင့်ချစ်ဝတ်စေချင်လို့လက်ဆောင်ပေးဖို့
စိတ်ကူးမိတာ။အစတုံးကတော့ နှိပ်ကြယ်သီးလေးပါတာဝယ်အုံးဖို့
ချစ်ရဲ့ ညီမလေးကပြောတယ်ကြယ်သီးပါတာကချွတ်ရစွတ်ရမကောင်းဘူးတဲ့ ...
ဒီဟာလေးက ချွတ်ရစွတ်ရလွယ်တယ်တဲ့သူတောင်ဝတ်ပြသေးတယ်
လှလိုက်တာလေ...၊ ဆိုင်ကကောင်မလေးကလဲသူလည်ဲးဒါပဲသုံးတာတဲ့....
သူလည်းဝတ်ပြတယ်...ဟုတ်တယ်...လှတယ် အဲဒါနဲ့ကိုလဲအဲဒါလေးပဲဝယ်ခဲ့တယ်
ကိုနဲ့တွေ့ရင်အဲဒါလေးဝတ်ရမယ်နော်..တွေ့ရင်တော့လားနမ်းပစ်လိုက်အုံးမှာ
ဒါပဲနော်..သောကြာနေ့ကိုနဲ့တွေ့တဲ့အခါ ကိုနမ်းဖို့ဝတ်လာခဲ့နော် .......
ကို...
မှတ်ချက်။ ။အနားသတ်မှာအမွှေးဖွားဖွားလေးတွေပါတာဝယ်အုံးမလို့ 
ဒါပေမယ့်အသည်းလေးယားမှာဆိုးလို့ပြီးတော့ဈေးလဲကြီးလို့
ဟီးဟီး...ဒါပဲနော် ၀တ်လာခဲ့ ဖက်ကိုနမ်းအုံးမှာ။

အော်....ပြောဖို့ မေ့နေလို့ ဗျို့... သူ့ ညီမလေးကသူ့ သူငယ်ချင်းကိုပေးမယ့်လက်ဆောင်ထုပ်နဲ့ မှားသွား.
တာဗျ.....နောက်မှသိရတာလေ...ဒါပေမယ့်ဆေးမမှီတော့ဘူးလေ ...
သိတယ်မှတ်လား.....နွေဦးလေ...နွေဦး...ဂလောက်တော့ရှိ မပေါ့..ဟီးဟီး

( သူငယ်ချင်းတစ်ယောက်ပို့ ပေးတာပါ ၊ ဖြစ်ရပ်မှန်ဇတ်လမ်းလေးပါ )

Sunday, September 20, 2009

Create Website in photoshop Step By Step



photoshop နဲ့ လုပ်ထားတာပါ။

မူရင်းလုပ်ပုံလုပ်နည်းကို ဒီမှာ ယူလို့ ရတယ်နော်။

အရောင်များအကြောင်း



အရောင်ရဲ့အဓိပ္ပါယ်တွေကို မပြောခင် အရင်ဆုံး အရောင်စက်ဝိုင်းကြီး (Color Wheel)ကို နည်းနည်းပြောပြဦးမယ်လေ.. အရောင်စက်ဝိုင်းမှာ အခြေခံအရောင်က ၃ ရောင်ပဲရှိပါတယ်.. အဝါ အနီနဲ့ အပြာပါ.. သူက အရောင်ရဲ့ပြင်းအားအတိုင်း အစဉ်လိုက်ခေါ်တာမို့လို့ အပြာ အနီ အဝါလို့ ပြောင်းပြန်ခေါ်လို့မရဘူး.. အဲ့ဒိအခြေခံ ၃ ရောင်ပေါင်းပြီးမှာ တခြားအရောင်တွေ ဖြစ်လာပါတယ်.. အောက်က ပုံကိုကြည့်လိုက်ရင် သဘောပေါက်မှာပါ..

အဲ့ဒိမှာမှ အဝါနဲ့ မရမ်းကို အလည်မျဉ်းထားပြီး ဟိုဘက်ဒီဘက်ခွဲမယ်ဆိုရင် ဒီဘက်က အနီတွေလိမ္မော်တွေ ပါတာက အပူအုပ်စုဖြစ်ပြီး ဟိုဘက်က အပြာတွေ အစိမ်းတွေနဲ့က အအေးအုပ်စုဖြစ်ပါတယ်.. အလည်လို့သတ်မှတ်ပိုင်းခြားထားတဲ့ အဝါနဲ့ မရမ်းကတော့ ကြားရောင်တွေပေါ့.. သူတို့က အပူထဲလည်းဝင်လို့ရ အအေးလို့လည်းပြောလို့ဖြစ်တဲ့ အရောင်တွေပါ.. ပြီးတော့ ကာလာစက်ဝိုင်းမှာပြထားသလို မျက်နှာချင်းဆိုင်အရောင်တွေဟာ ဆန့်ကျင်ဘက်တွေဖြစ်ပါတယ်.. ဥပမာ အနီနဲ့အစိမ်း.. လိမ္မော်နဲ့အပြာ.. ကပ်လျက်အရောင်တွေကိုတော့ လိုက်ဖက်ရောင်လို့သတ်မှတ်ပါတယ်.. ဥပမာ အဝါနဲ့အစိမ်း.. အနီနဲ့မရမ်း.. ဒါကြောင့် အဝါနဲ့အစိမ်းတွဲဝတ်ရင် သူဟာ harmony အတွဲဝတ်ထားတာဖြစ်ပြီး.. အဝါနဲ့မရမ်းတွဲဖက်ဝတ်ရင် contrast ဝတ်တယ်လို့ပြောလို့ရပါတယ်.. ဖက်ရှင်တွေ ဒီဇိုင်းတွေမှာတော့ harmony တွဲတာဟာ static ဖြစ်တယ်.. ငြိမ်သက်တယ် ပြေပြစ်တယ်.. contrast color တွေဟာတော့ dynamic ပဲ.. ထိုးဖောက်တယ် လှုပ်ရှားတယ်ပေါ့..

အိုကေ .. ဒါဖြင့် အရောင်တွေရဲ့ ကိုယ်စားပြုအဓိပ္ပါယ်တွေကို စပြောကြမယ်..

အနီရောင် - သူကတော့ လှုပ်ရှားတက်ကြွတာ.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတာ.. သတ္တိနဲ့ ခွန်အားဗလကို ကိုယ်စားပြုပါတယ်.. တရုတ်တွေအတွက်တော့ မင်္ဂလာအရောင်ပေါ့.. ပြီးတော့ သွေးရဲ့အရောင် စိတ်လှုပ်ရှားစေတာ အချစ်.. စစ်ပွဲ စတာတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်.. နီလိမ္မော်ကတော့ စိတ်စွမ်းအင် ရမက်ဆန္ဒတွေပါတဲ့..

ပန်းရောင် - အချစ်နဲ့ အလှအပကို ကိုယ်စားပြုပါတယ်.. မိန်းကလေးတွေရဲ့အရောင်လို့လည်း သတ်မှတ်ကြသေးတယ်လေ..

အညို - သူကတော့ မြေကြီးကို ကိုယ်စားပြုတယ်.. လေးလံထိုင်းမှိုင်းတာ အထီးကျန်တာတွေလို့လည်းပြောကြပါတယ်..

လိမ္မော် - သတ္တိအရောင်အနီနဲ့ ပျော်ရွှင်ခြင်းအရောင် အဝါတို့ပေါင်းထားလို့ လိမ္မော်ဟာ ဆွဲဆောင်မှု.. ဆုံးဖြတ်နိုင်စွမ်း.. လှုံ့ဆော်မှု.. တီထွင်ဥာဏ်.. ခွန်အားဗလနဲ့ တာရှည်ခံတာ.. ပြီးတော့ လှုပ်ရှားထိုးဖောက်တာတွေရဲ့ အရောင်ပါ.. လိမ္မော်ရောင်ဟာ ဦးနှောက်ရဲ့ အောက်စီဂျင်နှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်တဲ့.. ဒါကြောင့်မို့ စားသောက်ကုန်တွေနဲ့ ကလေးကစားစရာတွေမှာ အသုံးပြုဖို့ အရမ်းကိုသင့်တော်တာပေါ့.. (ဒါက မောင်လေတံခွန် အထူးပြုမေးထားတဲ့ အရောင်)

ရွှေရောင် - ချမ်းသာခြင်း အောင်မြင်ခြင်းတွေ.. ပြီးတော့ ပညာဥာဏ်ကိုလည်း ဆိုလိုပါသေးတယ်..

အဝါ - ပျော်ရွှင်ခြင်း စိတ်ကူးဥာဏ်ထက်သန်ခြင်းတို့အပြင် အဝါရင့်ရောင်ဟာ မနာလိုခြင်းကိုလည်း ကိုယ်စားပြုတယ်ပြောပါတယ်.. အဝါဟာ အနက်နဲ့တွဲရင် ပိုပြီးထင်ရှားတောက်ပလာတတ်ပေမယ့် ဝမ်းနည်းကြေကွဲခြင်းသရုပ်သဏ္ဍာန်ကို ပိုပြီးပေါ်လွင်သွားစေပါတယ်.. အဝါရောင်အခန်းတွေထဲမှာဆိုရင် ကလေးတွေဟာ ပိုပြီးငိုတတ်ကြပါသတဲ့.. ဒါပေမယ့်လည်း အဝါနုရောင်ဟာ နွေးထွေးခြင်းနဲ့တောက်ပခြင်းဂုဏ်သတ္တိရှိလို့ ကျောင်းသားကျောင်းသူအသုံးအဆောင်တွေမှာ အဝါကို အသုံးပြုကြလေ့ရှိပါတယ်..

အစိမ်း - သူကတော့ သဘာဝတရား နွေးထွေးကြင်နာတာ ဖွံ့ဖြိုးတာ နောက်ပြီး ကျန်းမာရေးရဲ့အရောင်ပါ.. ကြီးထွားခြင်း လတ်ဆတ်ခြင်းတို့ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ဟာ လုံခြုံခြင်းကိုလည်း ခံစားရစေပါတယ်.. သစ်ပင်စိမ်းများ မြက်ခင်းစိမ်းများကိုကြည့်ပေးတာဟာ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါသတဲ့.. အစိမ်းရင့်ရောင်ကို ငွေကြေးရောင်လို့သတ်မှတ်လေ့ရှိပြီး အစိမ်းနုနုတောက်တောက်ကတော့ သတ္တိကြောင်တာကိုလည်း ဆိုလိုပါသေးတယ်.. သံလွင်စိမ်းရောင်ကတော့ ငြိမ်းချမ်းခြင်းလို့ သတ်မှတ်ထားကြပါတယ်…

အပြာ - ငယ်ရွယ်ခြင်း ရှင်သန်ခြင်း ငြိမ်းချမ်းစစ်မှန်ခြင်းတို့အပြင် ယောက်ျားလေးများရဲ့အရောင်လို့ သတ်မှတ်ကြပါတယ်.. ကောင်းကင်နဲ့ ပင်လယ်ကြီးရဲ့အရောင်ဖြစ်လို့ အပြာကို သစ္စာတရားနဲ့ ကောင်းကင်ဘုံအတွက်သတ်မှတ်ထားပါသေးတယ်.. ပြီးတော့ အပြာဟာ အစာစားချင်စိတ်ကိုလည်း ဖြစ်စေပြီး လူတွေရဲ့စိတ်တည်ငြိမ်မှုအတွက်လည်း အထောက်အကူပေးပါသေး..

ခရမ်း - တော်ဝင်တာ သစ္စာရှိတာ.. စည်းစိမ်ရှိတာ.. မှော်ဆန်တာတွေအတွက် သုံးပါတယ်.. စစ်တမ်းတွေအရတော့ ဆယ်ကျော်သက်အရွယ်အများစုဟာ ခရမ်းရောင်ကို ကြိုက်တတ်ကြပါတယ်တဲ့.. ခရမ်းဟာ သဘာဝပတ်ဝန်းကျင်မှာ သိပ်ရှားပါးတဲ့အရောင်ဖြစ်ပါတယ်.. ဒီတော့သူ့ကို အတုအယောင်အဖြစ်လည်း သတ်မှတ်ကြပါသေးတယ်.. ပြီးတော့ ခရမ်းရောင်ကြိုက်သူတွေကို လျှို့ဝှက်တတ်သူ ကြေကွဲတတ်သူ စိတ်ပျက်လွယ်သူတွေလို့လည်း ပြောတတ်ကြသေးတယ်..

အဖြူ - အလင်းနဲ့သက်ဆိုင်တဲ့ အရောင်ဖြစ်တဲ့ ဒီအရောင်က ဖြူစင်ကြည်လင်တာ သန့်ရှင်းတာတွေအပြင် နှင်းပွင့်တွေလိုပဲ အေးချမ်းခြင်းကိုလည်း ဖော်ပြပါတယ်.. ဆေးရုံဆေးခန်းတွေမှာ အဖြူရောင်တွေကို အသုံးများတာဟာ လူ့ရဲ့စိတ်ကိုကြည်လင်စေရုံမကဘဲ အေးချမ်းမှုလည်းရစေလို့ပါ..

အနက် - ငြိမ်သက်တာ ခိုင်မြဲတာ.. မကောင်းဆိုးဝါး.. လျှို့ဝှက်နက်နဲ့တာ.. ပြီးတော့ သေခြင်းရဲ့အရောင်ပါ.. (သေခြင်းလောက်ခိုင်မြဲတာလည်း ဘာမှမရှိတော့ဘူးနဲ့တူပါတယ်နော်).. ဖက်ရှင်လောကမှာတော့ အနက်ဟာ ဆွဲဆောင်အားသိပ်ပြင်းတာ သေသပ်လှပတာဆိုတဲ့ အဓိပ္ပါယ်ပါ.. အနက်ကို လိမ္မော်တို့ အနီတို့လို အရောင်တောက်တောက်နဲ့တွဲသုံးတဲ့အခါမှာ အင်မတန်မှ ဆွဲအားပြင်းတဲ့ အရောင်အတွဲအစပ်ကို ဖြစ်စေတော့တာပေါ့..

မီးခိုး - ဝမ်းနည်းပူဆွေးခြင်း လုံခြုံခြင်း ရင့်ကျက်တည်ငြိမ်ခြင်းတို့အပြင် ပျင်းရိဖွယ်တွေကိုလည်း ဖော်ပြပါတယ်..

# နန်းညီ ဆီက ယူပြီးတင်ပြတာပါ။

Thursday, September 17, 2009

GLAUCOMA

မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်း မှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေ ပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့် ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါ ရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်... အကြောင်းမှာ ဖြစ်စ တွင် ရောဂါ လက္ခဏာ မသိသာ ခြင်း၊ မျက်စိ မှုန်ဝါး လာတာ ကို ရေတိမ် ရောဂါ ကြောင့် ဟု မသိ ခြင်း တို့ကြောင့် ဖြစ်ပါတယ်...

မျက်လုံး တွင်းရှိ ရေဖိအား (Intraocular Pressure) အကြောင်း ပထမ အနေနဲ့ ပြောပြ ချင်ပါတယ်... မျက်လုံး တွင်း ရေဖိအား ဟာ ပုံမှန် အားဖြင့် ၈ မှ ၂၂ မီလီမီတာ မာကျူရီ (8 to 22 mmHg) ကြားမှာ ရှိပါတယ်.. ရေဖိအား နည်းရင် မျက်လုံး ပျော့သွား ပြီး ရေဖိအား များလာ ရင် မျက်လုံး မာကျော လာ ပါတယ်.. မျက်လုံး တွင်း အရည် (Aqueous Humor) များကို မျက်ဝန်း (Iris) အနောက်ဖက် နဲ့ မျက်စိ မှန်ဘီလူး (Lens) ဘေးရှိ စီလီယာရီ ဘော်ဒီ (Ciliary body) များက ထုတ်လုပ် ပေးပါတယ်... အဲဒီ ကနေ သူငယ်အိမ် (Pupil) ကို ဖြတ်ကာ မျက်စိ ရှေ့ပိုင်း ရှိ အစိတ် အပိုင်း များ အာဟာရ အတွက် ဖြည့်ဆည်း ပေးပြီး မျက်ကြည်လွှာ (Cornea) နဲ့ မျက်ဝန်း ကြားထောင့် လမ်းကြောင်း (Trabecular Mechwork) မှတစ်ဆင့် စီးဆင်း ထွက် သွားပါတယ်.. အကြောင်း အမျိုးမျိုး ကြောင့် လမ်းကြောင်း ပိတ်သွား ခြင်း၊ဒါမှ မဟုတ် အရည် ထုတ်လုပ် မှုများ ခြင်းတို့ ကြောင့် မျက်လုံး တွင်း ရေဖိအား မြင့်တက် လာပြီး ရေတိမ် ရောဂါ လက္ခဏာ များ ဖြစ်ပေါ် လာပါတယ်... မည်သည့် အတွက် ကြောင့် ရေတိမ် ရောဂါ ဖြစ်ရသည် ကိုမူ ယခုထိ ရှင်းရှင်း လင်းလင်း မသိ ရသေးပါ.. ဒါပေမယ့် မျိုးရိုး လိုက်ပြီး ဖြစ်တတ် ကြောင်း၊ အနောက် နိုင်ငံ များတွင် လူမည်း များ၌ အဖြစ် များကြောင်း တွေ့ရှိ ရပါတယ်...

ရေတိမ် ရောဂါ အဓိက အားဖြင့် နှစ်မျိုး ရှိပါတယ်...

1. ထောင့်ကျယ် ရေတိမ် (Open-Angle Glaucoma)
2. ထောင့်ကျဉ်း ရေတိမ် (Closed-Angle Glaucoma)

တို့ ဖြစ်ပါတယ်...

ထောင့်ကျယ် ရေတိမ် ဟာ အဖြစ် များဆုံး အမျိုး အစား ဖြစ်ပြီး ဖြစ်စမှာ လက္ခဏာ မပြသ ဘဲ အချိန် အတော် ကြာမှသာ လက္ခဏာ များ ပြလာ ပါတယ်... အရည် စီးထွက် ရာ လမ်းကြောင်း ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် ရပြီး မျက်စိ မှုန်ဝါး လာခြင်း၊ အမြင် အာရုံ ကျဉ်းမြောင်း လာခြင်း စတဲ့ လက္ခဏာ များ ပြသ လာပါတယ်... ထောင့်ကျဉ်း ရေတိမ် ကတော့ ရုတ်တရက် လက္ခဏာ များ ဖြစ်ပေါ် လာတတ် ပြီး မျက်လုံး နီရဲ လာခြင်း၊ မျက်စိ ကိုက်လာ ခြင်း၊ ခေါင်းကိုက် ပျို့အန် တတ်ခြင်း၊ အမြင် မှုန်ဝါး ပြီး အလင်းရောင် ကြည့်တဲ့ အခါ ဘေးမှာ အလင်း ကွင်း (Halo) များ မြင်ရ ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်... ထောင့်ကျဉ်း ရေတိမ် ဟာ မျက်ဝန်း နဲ့ အရည် စီးထွက် ရာလမ်း ကြောင်း တို့ ထိကပ် ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် လာရ ပါတယ်.. အဆိုပါ ရေတိမ် ရောဂါ များကို အချိန်မီ ကုသမှု မခံယူ ပါက ရေဖိအား များသည့် ဒဏ်ကြောင့် မြင်လွှာ (Retina) ရှိ အမြင် အာရုံ ကြော (Optic Nerve) ထိခိုက် ချိုင့်ဝင် သွားပြီး လုံးဝ မျက်လုံး ကွယ်သွားခြင်း (Permanent Blindness) ဖြစ်ပေါ် စေပါတယ်..

မျက်စိ ရေတိမ် ရှိမရှိ စမ်းသပ် ရန် မျက်စိ အထူးကု ဆရာဝန် မှသာ စစ်ဆေး ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်.. မျက်လုံးတွင်း ရေဖိအား တိုင်း ကိရိယာ (Tonometry) ဖြင့် တိုင်းတာခြင်း၊ မျက်စိ စစ်ဆေး ကိရိယာ (Ophthalmoscope) ဖြင့် အမြင် အာရုံ ကြော အခြေ အနေ၊ မျက်လုံး တွင်း အခြေ အနေ များကို စစ်ဆေးခြင်း၊ မြင်ကွင်း စစ်ဆေး ခြင်း (Visual Field Testing) တို့ဖြင့် ပြလုပ် ကာ ရေတိမ် ရှိမရှိ စစ်ဆေး နိုင်ပါတယ်...

ကုသမှု အနေ ဖြင့် သောက်ဆေး၊ မျက်စဉ်း ခပ်ဆေး၊ ခွဲစိတ် ကုသ ခြင်းနည်း တို့ဖြင့် ပြုလုပ် နိုင်ပါတယ်.. Beta blockers (timolol, levobunolol, metipramolol) စသည့် မျက်စဉ်း ဆေး များမှာ စီလီ ယာရီ ဘော်ဒီ မှ အရည် ထုတ်လုပ် မှုကို လျှော့ချ ပေးပြီး မျက်လုံးတွင်း ရေဖိ အား လျော့ကျ စေပါတယ်.. Adrenergic agonists (Beta2 agonists) အုပ်စု ဆေးများ ဖြစ်တဲ့ (Brimonidine, Apraclonidine, Dipivefrin) ကတော့ အရည် ထုတ်လုပ် မှု ကျဆင်း စေတဲ့ အပြင် အရည် စီးထွက် မှုကို လည်း ဖြစ်ပေါ် စေပါတယ်.. Prostaglandin analogs (Latanoprost, Travoprost, Brimatoprost) မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ် စေတဲ့ ဆေးများ ဖြစ်ပါတယ်.. Carbonic Anhydrase Inhibitors (Acetazolamide, Methazolamide) သောက် ဆေးများ ကတော့ အရည် ထုတ်လုပ် မှုကို လျော့ကျ စေပါတယ်.. Parasympathomimetics (Pilocarpine, Echothiophate) စတဲ့ မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ်စေ ပြီး မျက်စိ သူငယ် အိမ်ကို လည်း ကျဉ်းစေလို့ အရင်က တွင်တွင် ကျယ်ကျယ် သုံးပေ မယ့် အခု တော့ အသုံး နည်းလာ ပါတယ်.. ၎င်း မျက်စဉ်း ဟာ တစ်နေ့ ၃-၄ ကြိမ် ခပ်ပေး ရခြင်း ဘေးထွက် ဆိုးကျိုး များတာ ကြောင့် အသုံး နည်းလာ ရတာ ဖြစ်ပါတယ်..

ခွဲစိတ် ကုသ မှု အနေ ဖြင့် ရိုးရိုး ခွဲစိတ် ခြင်း (Trabeculectomy, Viscocanalostomy)၊ လေဆာ ရောင်ခြည် ဖြင့် ခွဲစိတ် နည်းများ (Laser Iridotomy, Laser Trabeculoplasty, Laser Cilioablation) တို့ဖြင့် အရည် စီးထွက် မှု ပွင့်အောင် ပြုလုပ် နိုင်ပါတယ်.. ဒါ့ကြောင့် မျက်စိ ရေတိမ် ရောဂါ ကို ပေါ့ပေါ့ တန်တန် မထား သင့်ပဲ ဂရုစိုက် နေထိုင် ခြင်း၊ မျက်စိ မှုန်ဝါး လာပါက မျက်မှန် လုပ်ရန် အတွက် တစ်ခု တည်းကိုသာ အာရုံ မထားဘဲ တတ်ကျွမ်း သော မျက်စိ အထူးကု ဆရာဝန် နဲ့ စနစ် တကျ စစ်ဆေး ကုသ မှု ခံယူ သင့်ပါ ကြောင်း သတိ ပေးရေး သား လိုက်ရ ပါတယ်.. အားလုံး မျက်စိ ရောဂါ နဲ့ ဘေးဘယာ အပေါင်း မှကင်း ဝေးနိုင် ပါစေ...

References;
http://www.medicinenet.com/glaucoma/article.htm
http://en.wikipedia.org/wiki/Glaucoma

http://health.ngoinmyanmar.org/2009/08/glaucoma.html မှ ကူးယူဖော်ပြသည်။

I am Sorry

အားလုံးဘဲပြန်ဖွင့်လိုက်ပြီနော်။ ခေါင်းမူးလို့ စိတ်ရှုပ်သွားတာပါ။ ဆောတီး ။

Monday, September 14, 2009

Because

စာရေးရတာဝါသနာပါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စာရေးသားခြင်းကို ခဏရပ်နားထားပါအုံးမယ်။
ခဏဆိုပေမဲ့ အကြာကြီးဖြစ်သွားနိုင်ပါတယ်။ တသက်လုံး မရေးတော့တာလဲဖြစ်နိုင်ပါတယ်။
ဘာဖြစ်တာလဲဆိုတော့ .......
ဘလော့လေးကို ပိတ်ဖို့ ဆန္ဒရှိပေမဲ့ အမှတ်တရလေးဖြစ်ခဲ့စေချင်လို့ ပါ။
အားလုံးကိုခင်တဲ့
Winnie Pooh Gallery

Monday, September 7, 2009

ဘဝ ....... ဘဝ


အဖေ ၊ အမေ ၊ အစ်ကို ၊ ညီမလေး .......... ပျော်စရာကောင်းသောမိသားစုလေးတစ်စု။

ပျော်စရာကောင်းသောမိသားစုလေးတစ်စု၏ဘဝလေးထဲသို့ မမျှော်လင့်သော အဖြစ်ဆိုးဝင်ရောက်ခဲ့သည်။

တစ်နေ့ မှာအဖေကအမေ့ကိုပြောသည် "ငါ့မျက်လုံးတွေပြာပြာနေတယ် ၊ ဘာမှမမြင်ရဘူး " အလွန်စိတ်ပူတတ်သောအဖေ ၊ အမေနှင့်တူတူ ဆေးခန်းသွားပြကြသည်။ နောက်ဆုံး ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကြီးဆီရောက်သွားကြသည်။ ဆရာဝန်တွေအမျိုးမျိုးစမ်းသပ်ကြသည် ၊ ဓတ်မှန်ရိုက်ကြသည် ၊ ရောဂါအကြာကြီးရှာဖွေကြသည်။ နောက်ဆုံးမှာ ရောဂါရှာဖွေတွေ့ ရှိသွားကြသည်ထင်ပါ့။ "ဦးနှောက်ထဲမှာရေဝပ်နေသည်တဲ့" ခွဲစိတ်ကုသလိုက်ရင်ပျောက်ကင်းသွားမည်ဟု ဆရာဝန်ကြီးများကပြောကြသည်။ မခွဲစိတ်ပါက မျက်လုံးကွယ်နိုင်သည် ၊ ကိုမာလိုမျိုးဖြစ်နိုင်သည် ဟုပြောဆိုယူဆကြသည်။

အဖေကလဲခွဲစိတ်ဖို့ အားသန်သည် ၊ ဒါမှ သူ့ ရောဂါပျောက်ကင်းသွားမည်ဟု ထင်ပုံရသည်။ ဦးနှောက်ကိုခွဲစိတ်တယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ် ၊ အရမ်းနူးညံ့သည့်အစိတ်အပိုင်းတစ်ခု။ နောက်ဆုံးအားလုံးဆွေးနွေးတိုင်ပင်ပြီး ယိုးဒယားမှာခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ အဖေနှင့်အတူ အဖေ့ညီအရင်း လိုက်ပါသွားသည်။ အမေကတော့ ကလေး၂ယောက်ကို စောင့်ရှောက်ဖို့ ကျန်ခဲ့သည်။ အစ်ကိုကအဲဒီအချိန်မှာ ၁၁နှစ်မပြည့်သေး ၊ ညီမလေးက ၇နှစ်။ အဲဒီအချိန်ကကလေးတွေကကျောင်းတက်နေရတာကိုး။ အမေနှင့်အတူ အမေ့တူမလေးတစ်ယောက် အဖော်အဖြစ်လာနေပေးသည်။

အဲဒီအချိန်ကနိုင်ငံခြားဖုန်းခေါ်ရင်တိုက်ရိုက်ခေါ်လို့ မရ။ အိတ်ချိန်းကိုဖုန်းဆက်ပြီးမှ ကိုယ်ခေါ်ချင်တဲ့ နံပတ်ကိုပေး။ အကြာကြီးစောင့်ရသည်။

ခွဲစိတ်ပြီးအဖေသတိပြန်မရသေးတော့ဖုန်းနေ့ တိုင်းဆက်တာတော့မှတ်မိတယ်။ အမေဆိုပြောဖွယ်ရာမရှိ ၊ အရမ်းစိတ်ပူနေပြီ။ ကိုယ်က ကလေးဆိုတော့ဘာသိမှာလဲ။

တစ်နေ့ ကျောင်းကပြန်လာတော့ အားလုံးမျက်နှာမကောင်းကြဘူး။ ဘာမှတော့မပြောဘူး။ နောက်တော့အမေငိုတယ်။ အဖေဆုံးသွားပြီလို့ ပြောတယ်။ ခွဲပြီးရက်၂၀ထိထင်တယ်။ သတိပြန်မလည်လာတော့ဘူး။ ဟိုကဆရာဝန်တွေကဆုံးပြီလို့ သတ်မှတ်လိုက်ကြတာပါ။ အဖေဆုံးတော့ ၃၈နှစ်ဘဲ ရှိပါသေးတယ်။ ဘဝကြီး မိုးမှောင်ကျခဲ့တဲ့ရက်တွေပေါ့။ အမေဆိုငိုလိုက်တာ ၊ အစ်ကိုလဲငိုတယ်။ ညီမလေးကတော့ အမေငိုလို့ လိုက်ငိုတာ။ အမေဆိုနေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲခဲ့တယ်။ နောက်တော့ဒီကလေး၂ယောက်ကိုလူလားမြောက်အောင် စောင့်ရှောက်ဖို့ အတွက် အားတင်းပြီး လောကကြီးကိုရင်ဆိုင်ခဲ့တယ်။

တကယ်လို့ သွားမခွဲရင်ကော အဖေဒီနေ့ ထက်ထိရှိအုန်းမှာလား။ ကံအလှည့်အပြောင်းလေးတစ်ခုမှာအဖေမရှိတော့တာပါ။

အဖေက အရမ်းသဘောကောင်းပါတယ်။ ညီမလေးငိုရင်အမြဲချီနေကြပါ။ ၇နှစ်ရှိနေပြီ ၊ ငိုရင်ချီပြီးချော့တာဘဲ။

ဒီလမှာအဖေဆုံးသွားတာမို့ လို့ လွမ်းလို့ မှတ်မိသလောက်စာရေးလိုက်တာပါ။

Tuesday, September 1, 2009

I Like Winnie Pooh


ဝင်းနီပူးဘယ်လောက်ကြိုက်လဲလို့ အိမ်မှာဘယ်နေရာကြည့်လိုက်ကြည့်လိုက် ဝင်းနီပူးချည်းဘဲ။ ဒါပေမဲ့ ဘေဘီပူး တော့မကြိုက်ဘူး။

ဝင်းနီပူးစတစ်ကာဆိုလဲဝယ်တာဘဲ ၊ ဝင်းနီပူးကွန်ပါဗူး ၊ ဓတ်ဗူး ၊ အရုပ် ၊ ဖိနပ် ၊ ခဲဖျက် ၊ လွယ်အိတ် ၊ မာဖလာ ၊ ဦးထုပ် ၊ ဘောပင် ၊ ယပ်တောင် ၊ အင်္ကျီ၊ စောင် ၊ ဖုန်းချိတ် ၊ သော့ချိတ် ၊ နာရီ ၊ ပိုက်ဆံအိတ် ရှိရှိသမျှအသုံးအဆောင်ကြိုက်တာတွေ့ ရင်ဝယ်ဘဲ။

အိမ်ကလဲမျက်ခုံးလှုပ်နေရတယ်။ ဒီလောက်ဝယ်တာရင်တထိတ်ထိတ်နဲ့ ပေါ့။ အရမ်းကြိုက်ရင်နှစ်ခုဝယ်ပစ်လိုက်တယ်။ တစ်ခုသုံးပြီးတစ်ခုကသိမ်းထားတယ်။

ကြွားတာမဟုတ်ဘူး ၊ အရမ်းကြိုက်တာပါ။ ဖြစ်နိုင်ရင်တစ်ကိုယ်လုံးကိုဝင်းနီပူးနဲ့ ခြုံထားလိုက်ချင်တယ်။

ဝင်းနီပူးဖုန်းဝယ်ဖို့ ကြိုးစားနေတယ်။

ဒီမှာကဝင်းနီပူး အင်္ကျီတွေ ဝယ်လို့ ရတယ်။ ဒစ်စနီး ကုမ္မဏီ က ထုတ်တာ။ ဈေးလဲသိပ်မကြီးပါဘူး။ တန်တာပေါ့ ၊ ကိုယ်ကြိုက်လို့ လားမသိဘူး ၊ အကုန်လုံးတန်နေတာဘဲ။

အဲဒါနှစ်တိုင်းဝယ်တယ်။ အဲဒါ ဒီနှစ် ဟိုတပတ်ကဝယ်မယ်ဆိုပြီး အင်္ကျီဆိုင်ကိုသွားတော့မရှိတော့ဘူး။ ကုမ္မဏီက သိမ်းသွားပြီတဲ့ ၊ စိတ်မကောင်းလိုက်တာ။ အိမ်ပြန်ရောက်တော့ပြောတယ်။ ဒါဆိုကိုယ့်မှာရှိတဲ့အင်္ကျီတွေလေလံတင်လို့ ရပြီလို့ ။ ဟဲဟဲ ၊ မတင်ပါဘူးနော် ၊ နောက်တာ။

နေမကောင်းဘူးဖြစ်နေပါတယ်။ ဒါကြောင့် post မတင်နိုင်ပါ။ အားလုံးဘဲစိတ်ပူကြလို့ ကျေးဇူးပါ။