Tuesday, October 6, 2009

အဆုံးသတ်ဘဝ

အရာရာဟာ
ဆွေးမြေ.ကြေကွဲလို့ နေတယ်။
ကွန်ပျူတာသုံးတိုင်း
နင့်ကိုသတိရမိတယ်။
တကယ်တော့
နင်ဟာငါ့ဘဝမှာ
အရေးပါဆုံးဘဲ။
ငါမရှိလို့
နင်နေတတ်ပေမဲ့
နင်မရှိလို့
ငါနေတတ်အောင်
ကြိုးစားမယ်။
ငါ ...............
ကိုယ့်ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်
အချစ်စစ်ကိုပေးဖို့
ကြိုးစားရင်း
ဘဝကိုရေစုန်မမျှောပစ်ဖို့
ကြိုးစားရင်း
ဒွိဟတွေကြားမှာ
မောပန်းခဲ့တယ်။
နင် .................
ငါ့ကိုမရှာပါနဲ့ တော့
ငါလဲနင့်ကိုမရှာတော့ဘူး။
ဒီလိုနဲ့ ဘဲ
အဆုံးသတ်ရအောင်။

honeypot ( ပျားရည်အိုး )

4 comments:

မြစ်ကျိုးအင်း said...

ဘာတွေများဖြစ်လို့ပါလိမ့်

ကဗျာတပုဒ်ပဲ ဖြစ်ပါစေ....။

ahphyulay said...

ဘဝကို ရေစုန်မျှောမပြစ်ဖို့ အတွက်တဲ့  သိပ်မှန်တာပဲညီမလေး
ကိုယ်ဖြစ်ချင်သလိုဘယ်တော့ မှ မဖြစ်တတ်တဲ့ ဘဝကို သူ့ 
သဘောအတိုင်းပဲ အနိုင်ယူသွားလို့ မရအောင် အံတုကြိုးစား
သွားဖို့ ဘဝနေဝင်ချိန်ရောက်တဲ့ အထိ ကျွန်တော်တို့ မှာအခွင့် 
အရေးရှိနေမယ်လို့ ကဗျာလေးဖတ်ပြီးခံစားမိတယ်လေ။

Angel Shaper said...

ကဗျာလေးဖတ်ပြီး ငိုရမလို ဒေါသထွက်ရလို။ ဘယ်လိုကြီးဖြစ်မှန်းမသိဘူး။ သေချာတာက ခံစားချက်ချင်းတူနေလားမသိဘူးလို့  ဇဝေဇ၀ါဖြစ်နေတယ်။ အဆင်ပြေပါစေနော်။

ကြည်ဖြူပိုင် said...

ကဗျာလေးကုဖတ်ပြီးတစ်ခုခုခံစားသွားရတယ်

Post a Comment