Tuesday, June 23, 2009

ကျန်းမာရေးကို ဂရုစိုက်ပါ


ဒီတလောဘာဖြစ်နေမှန်းကိုမသိပါဘူး။ ဘာလုပ်လုပ်စိတ်မပါဘူး။ အဲဒါခက်တာပေါ့။ အိမ်စာတွေကများတော့ အဲဒီစိတ်မပါတာနဲ့ တော့ခက်နေပြီ။ စာအုပ်တွေဖတ်ကြည့်တာလဲမရ ၊ ရုပ်ရှင်လဲမကြည့်ချင် ၊ ဘလောက်ရေးဖို့ လဲ စိတ်မပါ။ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ။ ပရော့ဂျက် က မပြီးနိုင်။ အားလုံးကတောင်းဆိုနေကြတယ် မြန်မြန်ပြီးအောင်လုပ်ဖို့ ။ လုပ်တာတော့ ဟုတ်တယ် ၊ အိုင်ဒီယာ မကောင်းရင် အမှတ်နဲမှာပေါ့။ အဲလိုဟိုကြောက်လိုက် ဒီကြောက်လိုက်နဲ့ ဘာမှမလုပ်ဖြစ်တာပေါ့။ အလုပ်ကလဲ လျှောက်ထားတာမရသေး။ အလုပ်မရဘဲနဲ့ တော့ အိမ်မပြန်ချင်ပါဘူးနော်။ အမေကိုလဲ အရမ်းသတိရတယ်။ အမေနဲ့ တူတူနေချင်နေပြီ။
ကုန်ပြန်ပြီ၁ရက်။ အမေက တရားထိုင်ခိုင်းတယ်။ စိတ်ငြိမ်အောင် တရားမှတ်ပါတဲ့။ အမေ့စကားနားထောင်နေပါတယ်။

ဘာဘဲဖြစ်နေဖြစ်နေ ကျန်းမာရေးက အရေးကြီးဆုံးဆိုတာမမေ့ထားနဲ့ ပေါ့။ ဒီရက်ပိုင်း စိတ်ကမငြိမ်လို့ လား ဘာကြောင့်မှန်းမသိပါဘူး။ လူကအရမ်းမောပါတယ်။ ဆေးသောက်ဖို့ လဲမေ့နေတာပါ။ ဒီနေ့ မနက် ကျောင်းသွားရင်းလမ်းမှာ အရမ်းမောပြီး အရမ်းနေမကောင်းဖြစ်လာတယ်။ အသက်တွေရှူလို့ မရတော့ပါဘူး။ အဲဒါ လမ်းမှာစောင့်ကြောင့်ထိုင်လိုက်တော့ ဘေးနားက ဖြတ်သွားတဲ့ အန်တီကြီး၁ယောက်က နေမကောင်းဘူးလားဆိုပြီးလာမေးတယ်။ တော်ပါသေးတယ် ၊ အဲဒီအန်တီကြီး ကယ်ပေလို့ ။ ဟုတ်တယ်လို့ ပြောတော့ သူကချက်ချင်း အငှါးကားခေါ်ပေးတယ်။ ဆေးရုံကို အရေးပေါ်ဝင်လိုက်ရပါတယ်။ ရှိစုမဲ့စု ပိုက်ပိုက်လေး လျှောခနဲထွက်သွားတာဘဲ။ တော်သေးတာပေါ့။ အသက်မထွက်သွားလို့ ဟတ်ဟတ်။ ခုထက်ထိ အရမ်းမောနေပါသေးတယ်။ ဆရာဝန်က သူ့ နားမှာခေါ်ထားချင်ပုံရတယ်။ ဒါပေမဲ့ စိတ်မကောင်းပါဘူး ၊ ပိုက်ဆံမရှိဘူးလို့ ပြောလိုက်တယ်။ ဒီမှာကျောင်းတက်နေတာလို့ ။ အဲဒါ သူက စိတ်မချလို့ ထင်ရဲ့ ၊ နောက်၁ပတ်ချိန်းထားတယ်။

3 comments:

သားကြီး said...

ခေါင်းစဉ်ကိုပဲယူပြီးသုံးလိုက်ပါတော့မယ်
“ကျန်းမာရေးဂရုစိုက်ပါ”
ပိုက်ပိုက်ကိုသိပ်ဂရုမစိုက်ပါနဲ့ လူကပိုအရေးကြီးပါတယ်
အန်တီကြီးလိုစိတ်ကောင်းရှိသူနဲ့တွေ့လို့သာပဲ
နို့မို့ဆိုမလွယ်ဘူး...
ကျန်းမာပျော်ရွှင်အောင်နေပါညီမလေးရေ..ဒါပါပဲ။

မီးမီးချစ် said...

ကိုယ့်ကို ကိုယ် ဖိအားတွေ သိပ်မပေးပါနဲ့  နားနားနေနေ နေပေါ့ ညီမရေ ..
အသက်ကို ညဏ်စောင့် ပါတယ်...

ကောင်းကင်ပြာ said...

ကျန်းမာရေး ဂရုစိုက်ပါညီမလေး၊ အဝေးမှာ နေရတဲ့ အချိန်မှာ တယောက်နဲ့ တယောက် အားပေးရုံက လွဲရင် ကျန်တာ လုပ်မပေးနိုင်ကြဘူးလေ၊ တခုခုဆို ဖုန်းဆက်လိုက်ပါ၊ အားရင် ပြေးလာပါမယ်

Post a Comment