Wednesday, June 3, 2009

ဟင်းလင်းပြင်

သူကလူကြီးဆန်တယ်လို့
မင်းပြောခဲ့ဘူးတယ်။

သူကသဘောမကောင်းဘူးလို့
မင်းပြောခဲ့ဘူးတယ်။

သူကအလုပ်ရှုတ်ချင်ဟန်ဆောင်တယ်လို့
မင်းပြောခဲ့ဘူးတယ်။

သူကမင်းနဲ့ မထိုက်တန်ဘူးလို့
မင်းပြောခဲ့ဘူးတယ်။

နောက်ဆုံးတော့
ငါ့ရင်ဘတ်ထဲက မင်းကို
ဆွဲထုတ်သွားတာ
"သူ" ပါပဲ။

honey pot ( ပျားရည်အိုး )

1 comments:

WWKM said...

ကဗျာလေးဖတ်သွားပါတယ် ညီမလေးရေ.
အစစအရာရာ အဆင်ပြေပါစေ.
မမလည်း သီချင်းတင်တာတွေ သိတ်မသိဘူးညီမရေ.
မကို မရဲ့အမျိုးသားက သူအားတဲ့အချိန်မှာ ဘလော့ဂ်အတွက်လိုအပ်တာတွေလုပ်ပေးတာပါ။ မ ကပို့စ်ရေးတာပဲ
တတ်တယ်လေ.

ပျော်ရွှင်ပါစေ

မမ၀ါ

Post a Comment