Saturday, April 4, 2009

သံယောဇဉ်


၈တန်းတုန်းက သွားတက်ရတဲ့ကျူရှင်၁ခုမှာ အသားဖြူဖြူနဲ့ ပိန်ပိန်ကောင်မလေး၁ယောက် ၊
ကိုယ်ကလဲ စကားနဲ ၊ သူကလဲ စကားနဲ ၊ အကျင့်ကအဲဒီထဲက တူနေတာ။ မလှုပ်တလှုပ်နဲ့ ၊ ချစ်တော့ချစ်စရာလေး ၊ ဒါပေမဲ့ သူများတွေလို လွယ်လွယ်ကူကူ ခင်လိုက်တာမျိုးလဲမရှိ၊ သူကလဲအဲဒီတိုင်းဘဲထင်ပါ့။
ဒါပေမဲ့ သူမဟာ ကိုယ့်ဘဝမှာ အခင်မင် အရင်းနှီးဆုံး သူငယ်ချင်း၁ယောက် ဖြစ်ခဲ့တယ်။
နောက်တော့ကျူရှင်တက်ရင်းနဲ့ ခင်ခွင့်ရသွားတာပါဘဲ။
တက်တဲ့ကျောင်းကတူတူပဲ။ သူက ၅တန်းမှ ကျောင်းပြောင်းလာတာလေ ၊ ဒါတောင်ကျောင်းမှာမသိဘဲ။ ကိုယ်ကကျောင်းမှာ စတားမှ မဟုတ်ဘဲ :)
သူများတွေလို ဟိုဘက်ခန်း ဒီဘက်ခန်းလဲ သွားမှ မသွားတာ။ သူကလဲ ကိုယ့်ကိုမသိဘူးတဲ့ ၊ ဘာဆန်းလဲ ဒီလောက်စိတ်တူနေတာ။
တချိန် ကြိုက်တဲ့သူ တူတူဖြစ်မှာတောင် စိုးရိမ်ရတယ်။ ဒါပေမဲ့ ကိုယ်က သူ့ အတွက် စွန့် လွတ်ပေးမှာပါ ၊ သူ့ ကိုအဲလောက်ချစ်တာပါ။ သူများတွေလို သူငယ်ချင်းကြိုက်တဲ့သူကို လုယူတတ်တဲ့ အစားထဲမှာ မပါပါဘူး။
အဲဒီတုန်းက အဲလောက်မခင်သေးဘူး။ ၉တန်းကျတော့ ကျူရှင်မတူတော့ဘူး ၊ ၁၀တန်းလဲမတူပါဘူး။ မုန့် စားဆင်းချိန် ကျောင်းမှာတော့ အမြဲတွေ့ ဖြစ်နေတယ်။
၅တန်းကနေ ၁၀တန်းထိ တူတူပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ လဲအရမ်းခင်တာပါဘဲ။ သူငယ်ချင်းနဲတော့ ရှိတဲ့သူငယ်ချင်းဘဲ ခင်တာ မဆန်းပါဘူး။
ကိုယ့်အခန်းထဲက ဘယ်သူနဲ့ မှ သူငယ်ချင်းမလုပ်ဘူး။ ဘေးမှာထိုင်တဲ့ သူငယ်ချင်းနဲ့ဘဲပြီးတယ်။

အရင် ၅တန်း မှ ၇တန်းထိ အခန်းမပြောင်းဘဲတူတူတက်ရတဲ့ သူငယ်ချင်းနဲ့လဲ အရမ်းခင်ပါတယ်။
၈တန်း အခန်းခွဲသွားတော့ အဲဒီသူငယ်ချင်းနဲ့ ခုဏက ကျူရှင်မှာသိခဲ့တဲ့သူငယ်ချင်း အခန်းသွားတူပါတယ် ၊ သူတို့ သူငယ်ချင်းဖြစ်သွားပါတယ်။
ကျောင်းမှာနာမည်ကြီးတဲ့သူတော့သိပါတယ်။ ကိုယ်ကသိပ်တော်တဲ့ အခန်းမှာမဟုတ်ပါဘူး၊ ညံ့ပါတယ် ၊ C ခန်းမှာပါ။
ဒါပေမဲ့ ၈တန်းကျူရှင်မှာခင်လိုက်ရတဲ့ သူငယ်ချင်းကိုတော့ဘယ်သူငယ်ချင်းနဲ့ မှမတူပါဘူး။ သူ့ ကိုတော်တော်ခင်တာပါ။ ညီအစ်မလိုလို ၊ အချစ်တော်လိုလို ဘယ်လိုမှန်းတော့မပြောတတ်ဘူး။
သူ့ အတွက်ဘာဘဲလုပ်ပေးရ ကျေနပ်တယ်။ သူကလဲ အဲဒီတိုင်းဘဲ။ ခဏခဏ ငိုချင်တာလဲတူတယ်။ သူကပိန်တယ် ၊ ကိုယ်ကဝတယ်။ အဝတ်အစား အမြဲတူတူဝတ်တယ်။ ကိုယ့်မှာဘာရှိလဲ သူ့ မှာလဲရှိရမှ။ ၁၀တန်းပြီးတော်တော်ကြာမှ သူနဲ့ ကျူရှင်တူတူတက်ရင်း အရမ်းခင်သွားတာ။
တရုတ်ကျူရှင်တက်တော့ အဲဒီကအမကြီး၁ယောက်က နင်တို့ ကအမြွာလားတဲ့ ၊ ဟုတ်တယ်လို့ ။
ဟိုကလဲပြောတာကို ယုံတယ်။ အမှန်က တရုတ်နာမည်စာလုံးမှမတူတာကို။ သူများကိုလဲ ၂ယောက် အတည်ပေါက်နဲ့ နောက်သေး။
သူနဲ့ မရင်းနှီးခင်တုန်းက ရှေ့ မှာတခြားသူငယ်ချင်းနဲ့ ပတ်သက်ပြီး ပြသနာတွေ ရှိခဲ့ဘူးတယ်။ ဒါကိုသူလဲ သိတယ် ၊ သူလဲ နဲနဲမှ မကျေနပ်ဘူးတဲ့ ၊ ကိုယ်လဲမကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။
ခုထက်ထိ အဲဒီလူတွေနဲ့ လမ်းမှာတွေ့ ရင် သူကကိုယ့်ထက်ပိုနာပြတာ။ ၂ ယောက်တူတူနေမယ်လို့ ပြောခဲ့ပြီးမှ သူက မိဘစကားနားထောင်သွားပြီလေ။
ဒီတိုင်းဘဲ သူများကိုပေးလိုက်ရတော့မှာပေါ့လေ။ သူ့ မင်္ဂလာပွဲ ကိုတော့တက်ချင်ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သွားဖြစ်မယ်မထင်ပါဘူး။ သွားရင်ကိုယ်ဘဲခံစားရမှာလေ။
သူကတော့ပျော်နေမှာပေါ့။ အရင်တုန်းက ၂ယောက်ထဲတူတူ လျှောက်သွားခဲ့ရတဲ့ ဘဝကိုပျော်တယ်။
အမှန်က သူ့ မင်္ဂလာပွဲမတိုင်ခင် အရင်တုန်းကလိုဘဲပျော်ချင်လို့ ပြန်ချင်တာပါ။ ဒါပေမဲ့ သူအားတော့မှာမဟုတ်ပါဘူး။
ခုဆို အသည်းတခြမ်းပဲ့သွားပါတယ်။ လွန်ခဲ့တဲ့ ၂လက သူကပြောတယ် ၊ သူ့ဆီပြန်လာပါတဲ့။ တူတူအလုပ်လုပ်ပြီးနေမယ်လို့ ပြောတယ်။ အခုတော့လဲ ဆောင်တော့မယ်တဲ့။
အခြေအနေတွေကပြောင်းလဲသွားပြီလေ။
အရင်တုန်းက သူ့အိမ်က သူ့ ကိုအိမ်ထောင်ချပေးမယ်လို့ ပြောရင် ကိုယ်ကအပြင်းအထန်ကန့် ကွက်တယ်။ အမေကပြောတယ် ၊ သူများကိတ်စ မကန့်ကွက်ရဘူးတဲ့။
အဲလိုပြောပြီးထဲက ၊ သူဒီ၁ခေါက်လာပြောတော့ အားပေးလိုက်တယ်။ ရင်ထဲမှာတော့မကောင်းပါဘူး ၊ သူ့ ကိုတော့စိတ်ချမ်းသာစေချင်ပါတယ်။
သူယူချင်တာကို ကိုယ့်ကြောင့်မယူဖြစ်တာတော့မကောင်းပါဘူးနော်။ သူကလူကြီးတော့နဲနဲဆန်တယ် ၊ အိမ်မှာအကြီးမို့ လားမသိ။
သူနဲ့ ကွဲကွာတာ ငါးနှစ်ရှိပြီ။ သူကနှစ်တိုင်းပြန်လာဖို့ ပြောတယ်။ ကိုယ်ကလဲမပြန်ဖြစ်တော့ သူစိတ်ကုန်သွားပြီထင်တယ်။ မိဘစကား နားထောင်သွားတာပေါ့။
ရင်ထဲမှာ သူနဲ့ ပတ်သက်ရင် အမြဲရှိနေပါတယ်။

0 comments:

Post a Comment